အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း သုတေသန ကော်ပိုရေးရှင်း (Semiconductor Research Corporation, SRC) အား မြောက် ကယ်ရိုလိုင်းနားပြည်နယ်၊ ဒါဟမ်းမြို့တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့် USA Institute တည် ထောင်၍ လုပ်ငန်းလည်ပတ်ရန်အတွက် အမေရိကန်ဒေါ်လာ (၂၈၅) ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ USA Institute အနေဖြင့် CHIPS ထုတ်လုပ်သည့်လုပ်ငန်းကို စတင်လုပ်ဆောင်ရန်အတွက် ယခုရင်းနှီးမြှုပ်နှံမှုအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁) ဘီလီယံအထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အသစ်တည်ထောင်သည့် USA Institute ၏အမည်ကို တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ပြီး Twin USA နှင့် ပူးပေါင်း၍ အဆင့်မြင့် သုတေသနများဆောင်ရွက်မည့်အဖွဲ့ခေါ် SMART USA ဟု ခေါ်တွင်မည်ဖြစ်ပြီး ယင်းအဖွဲ့အနေဖြင့် Digital Twin ရေးဆွဲခြင်း၊ ဆန်းစစ်ခြင်းနှင့် အသုံးပြုသည့်ကဏ္ဍများ၌ ပြည်တွင်းတစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၏ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ ထုတ်ပိုးမှု၊ တပ်ဆင်မှုနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် စစ်ဆေးမှုတို့တွင် တိုးတက်လာစေရန်ဖြစ်ကြောင်း၊ SMART USA သည် လက်ရှိအမေရိကန်နိုင်ငံ၏ အဖွဲ့အစည်း (၁၇) ခုနှင့် လက်တွဲကာ အမေရိကန်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှု ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာရန်နှင့် သုတေသနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ဇစ်မြစ်။ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ