Local News

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

Last Updated:

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်ကို ပိုမိုအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော စီးပွားရေးသံမှူးများအား မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများ၊ အသိပညာဗဟုသုတများကို ဖြန့်ဝေပေးသည့် အသိပညာပေးဆွေးနွေးပွဲ ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ညွှန်ကြားရေးမှူးချုပ်နှင့် မူပိုင်ခွင့်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

စီးပွားရေးသံမှူးများအနေဖြင့် မြန်မာနိုင်ငံ၏ မူပိုင်ခွင့်စနစ် အကောင်အထည်ဖော်မှုများအား နိုင်ငံအသီးသီးရှိ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များကို ဖြန့်ဝေနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ကဏ္ဍ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာတွင် ဆွေးနွေးနိုင်ခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို ၁၂:၀၀ နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့                                                                               

Category: Local News