International News

ဗီယက်နမ်နိုင်ငံမှ လိုင်ချီးစ်သီးများ ဩစတေးလျနိုင်ငံရှိ စူပါမားကတ်များတွင် ရောင်းချလျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Duong ပြည်နယ်၊ Thanh Ha ခရိုင်မှ လိုင်ချီးစ်သီးများကို သြစတြေးလျနိုင်ငံရှိ Market Place စူပါမားကတ်တွင် ရောင်းချခဲ့ကြောင်း၊ လိုင်ချီးစ်သီးများကို တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၅၉၄,၀၀၀ (အမေရိကန်ဒေါ်လာ ၂၃.၄) ရောင်းချလျက်ရှိကြောင်း Voice of Vietnam (VOV) က ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံမှ ဩစတေးလျနိုင်ငံသို့ Thanh Ha lychees ၁ တန်နီးပါးကို Red Dragon Service Trading Manufacture Co., Ltd မှ မေလ ၁၄ ရက်က လေကြောင်းဖြင့် တင်ပို့ခဲ့ပါ ကြောင်း၊ Mai Xuan Thin ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူမှ ကုမ္ပဏီသည် VietGAP နှင့် GlobalGAP စံနှုန်းများနှင့် ကိုက်ညီသော Thanh Ha ခရိုင်ရှိ စိုက်ခင်းများစွာမှ လိုင်ချီးစ်များကို ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် တင်ပို့ရန်အတွက် တစ်ရက်လျှင် လိုင်ချီးစ်သီး ၁၀ တန်မှ ၁၅ တန်ကြား ဝယ်ယူရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

 

 

Source : The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News