International News

ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (National Food Authority-NFA) မှ စပါးများကို ဈေးနှုန်းမြှင့်၍ စတင်ဝယ်ယူလျက်ရှိ

Last Updated:

ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သည် ပြည်တွင်း ဆန်အရန်ရိက္ခာအား တိုးမြှင့်ရန် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြည်တွင်းရှိလယ်သမားများထံမှ စပါး (Unmilled rice) များကို ဈေးနှုန်းမြှင့်ပြီး စတင်ဝယ်ယူလျက်ရှိပြီဖြစ်ပါကြောင်း၊ ပြည်တွင်းရှိ ဆန်တောင်သူများ၏ ဝင်ငွေမြင့်မားလာစေရန်အတွက် စပါးဝယ်ဈေးနှုန်းအား ပိုမိုတိုးမြင့်သတ်မှတ်ခြင်းကို ၁၁-၄- ၂၀၂၄ ရက်နေ့က ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်ကောင်စီမှ သဘောတူညီအတည်ပြုခဲ့ပါသည်။ 

အသစ်တိုးမြှင့်သတ်မှတ်ပေးလိုက်သည့် စပါးဝယ်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၁၇ ပီဆိုမှ ၂၃ပီဆိုနှင့် စပါးအစို (wet palay) ဝယ်ဈေးနှုန်းမှာ ပီဆို ၂၃ မှ ပီဆို ၃၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ပါကြောင်း၊ ယခုတိုးမြှင့်သတ်မှတ်လိုက်သည့် ဈေးနှုန်းသည် နိုင်ငံတစ်ဝှမ်းလုံးအတွက် တပြေးညီသတ်မှတ်ခြင်းမဟုတ်ပဲ စပါးစိုက်ပျိုးထွက်ရှိသည့် ဒေသအလိုက် ဈေးနှုန်းအသီးသီး သတ်မှတ်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရိတ်သိမ်းသည့် အခြေအနေအပေါ်မူတည်ပြီး Farm Gate Price မှာ ကွာခြားသွားမည်ဖြစ်ပါသည်။

အသစ်သတ်မှတ်လိုက်သည့် ဈေးနှုန်းမူဝါဒသည် ဒေသတွင်း တောင်သူများ၏ ဝင်ငွေတိုးမြင့်စေရန်ရည်ရွယ်ပြီး သက်ဆိုင်ရာဒေသအာဏာပိုင်များမှ ပံ့ပိုးတင်ပြခဲ့သည့် အချက်အလက်များကို အခြေခံ၍ ဒေသအလိုက် ဝယ်ဈေးနှုန်းများအား သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ပြင်အဆိုပါဈေးနှုန်းသတ်မှတ်ချက်သည် ပုဂ္ဂလိကကုန်သည်များထံသို့ စပါးရောင်းချနိုင်မည့် အခြားနည်းလမ်းတစ်ခုလည်းဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

NFA မှ သတ်မှတ်လိုက်သည့် new pricing scheme သည် NFA ၏ အစိုးရ၏ စပါးဝယ်ယူရေး မဟာဗျူဟာတစ်ခုဖြစ်ပြီး ထူးခြားသည့် အပြောင်းအလဲတစ်ခုဖြစ်ပါကြောင်း၊ ထို့သို့ စပါးဝယ်ဈေးနှုန်း မူဝါဒအသစ်ပြောင်းလဲရခြင်းမှာ ပုဂ္ဂလိကစပါး/ဆန်ကုန်သည်များကြား ယှဉ်ပြိုင်မှုပိုမိုအားကောင်းလာစေရန်နှင့် ပြည်တွင်းရှိတောင်သူများ၏ ဝင်ငွေမြင့်မားလာစေရန် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုတစ်ခု ဖြစ်ပါကြောင်း၊ The Rice Tarifficatioin Law အရ NFA အနေဖြင့် အရေးပေါ်ဆန်ရိက္ခာအတွက်နှင့် နှစ်အလိုက် သတ်မှတ်ထားသည့် ပြည်တွင်းအရန်ဆန်ရိက္ခာအတွက်သာ ဝယ်ယူခွင့်ရှိကြောင်း ကန့်သတ်ထားခဲ့ပါသည်။ သို့ဖြစ်၍ NFA အနေဖြင့် ဆန်အရန် လက်ကျန်လိုအပ်ချက် မက်ထရစ်တန် ၃၀၀,၀၀၀ အထိ လုံလောက်မှုရှိစေရန် ဝယ်ယူသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News