International News

ထိုင်းနိုင်ငံ ဈေးကွက်အတွင်း တရုတ်ပစ္စည်းများ လွှမ်းမိုးနေသောကြောင့် ထိုင်းထုတ်လုပ်သူများ ရုန်း ကန်နေရ

Last Updated:

၂၀၂၄ ခုနှစ်အတွင်း၌ ထိုင်းနိုင်ငံသည် ရေလွှမ်းမှုကို အပြင်းအထန်ခံစားခဲ့ရုံသာမက တန်ဖိုးနည်း သွင်းကုန်များ၏ လွှမ်းမိုးမှုကိုပါ ခံစားခဲ့ရသဖြင့် ပြည်တွင်းထုတ်လုပ်သူများသည် ၎င်းတို့ လုပ်ငန်းများ ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရကြောင်း သိရှိရပါသည်။

နိုင်ငံအတွင်း ဈေးကွက်ဝေစုရရှိမှု မြင့်တက်လာလျက်ရှိသော နိုင်ငံခြားသား ရောင်းချသူများကို ထိုင်းနိုင်ငံသားများအနေဖြင့် ယှဉ်ပြိုင်ရန် ခက်ခဲစေပါကြောင်း၊ စားသုံးသူဝယ်ယူမှုအားနည်း လာခြင်း နှင့် အိမ်ထောင်စုကြွေးမြီမြင့်တက်လာမှုတို့သည်လည်း ၂၀၂၄ ခုနှစ် ထုတ်လုပ်မှုညွှန်ကိန်၏ ကျဆင်းမှု ကို ဖြစ်စေကြောင်း၊ ယခုနှစ်အတွင်း ထုတ်လုပ်မှုညွှန်ကိန်းသည် ၁.၆ ရာခိုင်နှုန်း ကျုံ့နိုင်ပြီး စက်မှု ကဏ္ဍ၏ GDP တိုးတက်မှုသည် (-) ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ပြည်သူအများစုက ထိုင်းပြည်တွင်း ထုတ် ပစ္စည်းများထက် တင်သွင်းလာသည့် တန်ဖိုးနည်း ထုတ်ကုန်များကိုသာ ဝယ်ယူခဲ့ကြပါကြောင်း၊ တန်ဖိုး နည်း သွင်းကုန်အများစုသည် အွန်လိုင်ပလက်ဖောင်းမှ ရောင်းချသော တရုတ်လုပ်ငန်းရှင်များထံမှ ဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍမှ ပြောကြားချက်အရ သိရှိရပါသည်။

အရှေ့တောင်အာရှသို့ တရုတ်ထုတ်ကုန်များ ဝင်ရောက်လာမှုသည် ထိုင်းကုန်သွယ်မှုကို ထိခိုက် စေပြီး ဒေသတွင်း ဈေးကွက်ဝေစုကို လျော့နည်းစေရုံသာမက တရုတ်နှင့် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ် စေပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်ထုတ်ကုန်များ တင်သွင်းမှုသည် အမေရိကန် ဒေါ်လာ ၃၇.၅ ဘီလီယံရှိခဲ့ပြီး ၇.၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁၉.၉ ဘီလီယံ ဖြစ်ပေါ်စေပါကြောင်း၊ အရှေ့တောင်အာရှဈေးကွက်ရှိ ထိုင်းလျှပ်စစ် လူသုံးကုန်ပစ္စည်းများ၏ ဈေးကွက်ဝေစုသည် ၁၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထိုင်းနိုင်ငံထုတ် မော်တော် ကားဈေးကွက်ဝေစုသည် ၁၈.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တရုတ်ထုတ်ကုန်များကို ကာကွယ်ပေး မည့် အစိုးရ၏ အစီအမံများမရှိပါက ပြည်တွင်းလုပ်ငန်းများသည် ပိတ်သိမ်းရနိုင်ကြောင်း Joint Standing Committee on Commerce, Industry and Banking (JSCCIB) အဖွဲ့ဝင် Mr. Payong Srivanich က သုံးသပ်ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဦးဆောင်သည့် အစိုးရအဖွဲ့အစည်းများကလည်း ပြဿနာကို ဖြေရှင်းရန် ဆောင်ရွက်နေကြောင်း၊ အရည်အသွေးနိမ့်သော သွင်းကုန်ပစ္စည်း များကို e-commerce ပလက်ဖောင်းမှ ဖယ်ရှားနိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းများနှင့် e-commerce ပလက်ဖောင်းများအကြား နားလည်မှုစာချွန်လွှာကို ၂၀၂၅ ခုနှစ် အစောပိုင်းတွင် လက်မှတ် ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနကလည်း ဘတ် ၁,၅၀၀ အောက် တန်ဖိုးရှိသော သွင်းကုန်များအပေါ် တန်ဖိုးမြှင့် ကုန်စည်ခွန် ၇ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပြီး Thai Industrial Standard Institute ကလည်း အွန်လိုင်ပလက်ဖောင်းရှိ ပစ္စည်းစာရင်းများအပေါ် လစဉ်စစ်ဆေးမှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ဗန်ကောက်မြို့။

Category: International News