International News

တရုတ်နိုင်ငံသို့ ဗီယက်နမ်၏ ပို့ကုန်တင်ပို့မှုသည် ၅ လအတွင်း အမေရိကန်ဒေါ်လာ ၂၂.၆၄ ဘီလီယံအထိ ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၅ လတွင် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၂.၆၄ ဘီလီယံကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ၅ လတာကာလအတွင်း ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၇၇.၅ ဘီလီယံအထိ ရှိလာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၅.၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

ကွန်ပျူတာများ၊ အီလက်ထရွန်နစ်ထုတ်ကုန်များနှင့် အစိတ်အပိုင်းများသည် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံကျော်ဖြင့် ဦးဆောင်လျက်ရှိပြီး ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများ အမေရိဒေါ်လာ ၄.၆ ဘီလီယံဖြင့် ဒုတိယနေရာမှ ပါဝင်လျက်ရှိပါသည်။

အခြား၀အဓိကပို့ကုန်များအနေဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ ကင်မရာများနှင့် အစိတ်အပိုင်းများ၊ ဓာတုပစ္စည်းများ၊ သီဟိုဠ်စေ့၊ ကော်ဖီနှင့် သတ္တုများ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ဗီယက်နမ်သည် အာဆီယံတွင် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် ဒုတိယအကြီးဆုံး တင်ပို့သူဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News