International News

မိတ်ဖက်များ တိုးပွားစေခြင်းဖြင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှုကို ဖော်ဆောင် သွားမည်ဟု ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ်ပြောကြား

Last Updated:

အနောက်နိုင်ငံများ၏ သတင်းမှားဖြန့်ချိနေမှုများကို တန်ပြန်နေခြင်းနှင့်အတူ ဟောင်ကောင် ဒေသအနေဖြင့် မိတ်ဖက်များ တိုးပွားပြီး ကွန်ရက်ချိတ်ဆက်မှုသစ်များမှတစ်ဆင့် အခွင့်အလမ်း များရယူပြီး စီးပွားရေးတိုးချဲ့သွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ် John Lee တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်ဟု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် South China Morning Post သတင်းဌာနမှ “Hong Kong out to ‘make friends’, grow economy through new networks: John Lee” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် အာဆီယံဒေသ၊ အာရှအလယ်ပိုင်းဒေသ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ပီရူးနိုင်ငံတို့၌ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ် ဆောင်နိုင်မည့် အလားအလာများ ဖော်ထုတ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လာမည့်နှစ်များအတွင်း ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် အခြားနိုင်ငံများမှ ဝေဖန်ပြောဆိုနေမှုများကို ဆက်လက် တန်ပြန်သွားမည်ဖြစ်သကဲ့သို့ ဒေသ၏ စီးပွားရေးလုပ်ငန်းစဉ်ကို တွန်းအားပေးဆောင်ရွက်သွားပြီး ဒေသ၏ ငွေကြေးရေးကြေးနှင့် ဘဏ္ဍာရေးဗဟိုချက်အဖြစ် ရပ်တည်မှုကို ကမ္ဘာ့နိုင်ငံများမှ သိရှိစေရန် ဖော်ဆောင်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းရေးသား ဖော်ပြထားပါသည်။

ဒေသအစိုးရ၏ အဓိက ဦးစားပေးဆောင်ရွက်မှုအနေဖြင့် မိတ်ဖက်များ ပိုမိုတိုးမြှင့်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်ဒေသအနေဖြင့် အစိုးရများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းထက် ပြည်သူလူထုကို ဟောင်ကောင်ဒေသသို့ လာရောက်ရန်ဖိတ်ခေါ်ခြင်းဖြင့် ကွန်ရက်ချိတ်ဆက်မှု တိုးချဲ့နိုင်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

လက်ရှိဟောင်ကောင်ဒေသအစိုးရ၏  သက်တမ်းနှစ်နှစ်အတွင်း ပြည်တွင်းလုံခြုံရေးဥပဒေ ပြဌာန်း၍ နိုင်ငံရေးဆိုင်ရာ အရေးပါသည့် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါသည်။ စီးပွားရေးအပိုင်း၍ ပြင်ပဈေးကွက်ဝယ်လိုအား ကျဆင်းမှု၊ အတိုးနှုန်းမြင့်မားမှုနှင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အကြား တင်းမာမှုများကြောင့် အားနည်းနေခဲ့သည့် ဟောင်ကောင်ဒေသ၏ စီးပွားရေးအခြေအနေ ကို ပြန်လည်ဦးမော့လာရန် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် လက်ရှိ အချိန်တွင် ယခုနှစ်တွင် ဒေသ၏ စီးပွားရေးတိုးတက်မှု ၂.၅ မှ ၃.၅ ရာခိုင်နှုန်းအထိ ရှိနိုင်ရန် မျှော်မှန်းနိုင်လာနိုင်ပြီဖြစ်ပြီး၊ ဟောင်ကောင်ဒေသသို့ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် တွန်းအားပေးဆောင်ရွက်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှုနှင့်အတူ ဟောင်ကောင်ဒေါ်လာ ဘီလီယံ ၁၂၀ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားပြီး  အလုပ်အကိုင်အခွင့်အလမ်း ၂၀,၀၀၀ ဖန်တီးနိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News