International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သည် အာရှ-ပစိဖိတ်ဒေသတွင်း ခရီးသွားရန် ရှာဖွေမှုအများဆုံး နေရာဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းသည် အာရှ-ပစိဖိတ်ဒေသတွင် ယခုနှစ်အတွင်း ခရီးသွားများ ရှာဖွေမှုအများဆုံးနေရာဖြစ်လာကြောင်း၊ ၎င်းနောက်တွင် ဒါနန်းနှင့် ဟနွိုင်းတို့ဖြစ်ကြောင်း အွန်လိုင်း Dutch ခရီးသွားအေဂျင်စီ Booking.com ၏ အချက်အလက်များအရ သိရှိရပါသည်။

ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ ရှာဖွေမှုဒေတာအရ ဒလတ်မြို့သည် စတုတ္ထ၊ နောက်တွင် ညချမ်းနှင့် ဗန်သုတို့က စတုတ္ထဖြစ်ကြောင်းဖော်ပြထားပြီး ရှာဖွေမှုစာရင်းတွင် Phu Quoc၊ Hoi An၊ Hue နှင့် Mui Ne တို့လည်းပါဝင်ကြောင်း ဖော်ပြထားသည်။

ယခုနှစ် ပထမနှစ်လတွင် အာရှ-ပစိဖိတ်ဒေသတွင် ဗီယက်နမ်သို့ ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက်သူ ၉၈,၀၀၀ နီးပါးရှိခဲ့သည်။ ၎င်းနောက်တွင် မလေးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့ ပါ၀င်ခဲ့သည်။

ကပ်ရောဂါမဖြစ်မီက မလေးရှားသည် အာရှပစိဖိတ်ဒေသတွင် ခရီးသွားများအတွက် အလွန် ရေပန်းစားခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခုအခါ ဗီယက်နမ်သည် တောင်ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယတို့ရှိ ခရီးသွားများအတွက် အကြိုက်တွေ့မည့် နေရာတစ်ခုဖြစ်လာသည်။ ပြီးခဲ့သည့်နှစ်တွင် အဆိုပါသုံးနိုင်ငံမှ ဧည့်သည်အများအပြားသည် ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့နိုင်ငံအတွက် ထိပ်တန်းဧည့်သည်များ ဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Source: Vn Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News