International News

တရုတ်နှစ်သစ်ကူးကာလ စားသောက်ကုန်ဈေးနှုန်းများ‌ကြောင့် ဟောင်ကောင်ဒေသ၌ ငွေကြေး ဖောင်းပွမှုမြင့်တက်

Last Updated:

ဖေဖော်ဝါရီလအတွင်း ဟောင်ကောင်ဒေသ၏ စားသုံးသူဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၂.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု အစိုးရထုတ်ပြန်ချက်တွင်‌ ဖော်ပြထားကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် rthk သတင်းဌာနမှ “Inflation edges up over higher LNY food prices” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အစိုးရထောက်ပံ့ပေးမှုများ ဖယ်ရှားတွက်ချက်ပါက ဟောင်ကောင်ဒေသ၏ ဖေဖော်ဝါရီလ အတွက် underlying inflation rate မှာ ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီလ တွင် ၀.၈ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ငွေကြေးဖောင်းပွမှု မြင့်တက်ရခြင်းမှာ တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း အစားအသောက်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း  ရေးသားဖော်ပြထားပါသည်။

ဆေးလိပ်နှင့် အရက်များမှာ ဈေးနှုန်းမြင့်တက်မှုအများဆုံး ကုန်စည်များဖြစ်ပြီး ၆.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ထို့နောက် ထုတ်ပိုးယူဆောင်သည့် စားသောက်ကုန်များမှာ ၃.၆ ရာခိုင် နှုန်းဖြင့် ဒုတိယ ဈေးနှုန်းမြင့်တက်မှု အများဆုံးဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့နှင့် ရေတို့အတွက် နှုန်းထားများမှာ ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း underlying consumer price inflation rate မှာ အသင့်အတင့်သာရှိကြောင်း၊ ထုတ်ပိုးယူဆောင်သည့် အစားအသောက်များ ဈေးနှုန်းမြင့်တက်မှု အမြန်ဆုံးဖြစ်ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းကြောင်းနှင့် လတ်တလောကာလအတွင်း စုစုပေါင်း ငွေကြေးဖောင်းပွမှုအနေဖြင့် အသင့် အတင့်သာရှိမည်ဖြစ်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: International News