International News

၂၀၂၄ ခုနှစ်၊ မတ်လအတွက် ဟောင်ကောင်ဒေသ၏ ပြင်ပကုန်သွယ်မှု စာရင်းဇယား ထုတ်ပြန်

Last Updated:

ယခင်နှစ် အလားတူလာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဟောင်ကောင် ဒေသ၏ ပို့ကုန်/သွင်းကုန်တန်ဖိုးများ အသီးသီး မြင့်တက်ခဲ့ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး ၄.၇ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၃၈၄.၅ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး၊ သွင်းကုန်တန်ဖိုး ၅.၃ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၄၂၉.၅ ဘီလီယံ တိုးမြင့်ရောက်ရှိခဲ့ကာ ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ ၄၅.၀ ဘီလီယံ ရှိခဲ့သည်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်၏ စုစုပေါင်း ပို့ကုန်တန်ဖိုးသည် ၂၀၂၃ ခုနှစ် အလားတူကာလထက် ၁၁.၉ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး ၈.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေအနေဖြင့် ဟောင်ကောင်ဒေါ်လာ ၈၃.၆ ဘီလီယံရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါ သည်။

နိုင်ငံ/ ဒေသအလိုက် ပို့ကုန်/သွင်းကုန် တိုးတက်မှု အခြေအနေအရကြည့်လျှင် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အာရှဒေသသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ အလားတူကာလထက် ၈.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အာရှဒေသအတွင်း၌ ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန် ဈေးကွက်များဖြစ်သည့် ဗီယက်နမ် (၄၁.၆ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံ (၂၀.၆ ရာခိုင်နှုန်း) ၊ မလေးရှား (၁၈.၆ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၁၂.၁ ရာခိုင်နှုန်း) တို့သို့ပို့ကုန်တင်ပို့မှု တန်ဖိုးမြင့်တက်ခဲ့ပြီး၊ ပို့ကုန် တန်ဖိုးကျဆင်းသည့် နိုင်ငံ/ဒေသများမှာ ထိုင်ဝမ် (-၂၂.၃ ရာခိုင်နှုန်း) နှင့် အိန္ဒိယ (-၁၇.၉ ရာခိုင် နှုန်း) တို့ဖြစ်ပါသည်။

အာရှဒေသပြင်ပ ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန်တင်ပို့ရာဒေသများသို့ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ဖိုး ကျဆင်းခဲ့ပြီး အထူးသဖြင့် ဗြိတိန် (-၃၁.၅ ရာခိုင်နှုန်း)၊  ဂျာမနီ (-၁၅.၅ ရာခိုင် နှုန်း) နှင့် အမေရိကန် (-၅.၄  ရာခိုင်နှုန်း) သို့ စုစုပေါင်းတင်ပို့မှုတန်ဖိုး ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအပိုင်းတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း သွင်းကုန်တန်ဖိုး မြင့်တက်ခဲ့ပြီး ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်တင်သွင်းရာနိုင်ငံ/ဒေသများဖြစ်သည့် ကိုရီးယား (၆၇.၅ ရာခိုင်နှုန်း)၊ ဗီယက်နမ်နိုင်ငံ (၅၃.၀ ရာခိုင် နှုန်း)၊ ထိုင်းနိုင်ငံ (၂၅.၂ ရာခိုင်နှုန်း)၊ စင်ကာပူ (၁၃.၆ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၄.၁ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး မြင့်တက်ခဲ့ပါသည်။ သို့သော် အိန္ဒိယ (-၁၄.၆ ရာခိုင် နှုန်း) နှင့် ထိုင်ဝမ် (-၅.၉ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ကျဆင်းခဲ့ပါသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ယခင်နှစ်ကာလတူထက် ပို့ကုန်တန်ဖိုးမြင့်တက်ခဲ့သည့် ဟောင်ဟောင်ဒေသ၏ အဓိကပို့ကုန်ဈေးကွက်များဖြစ်သည့် ထိုင်းနိုင်ငံ (၃၈.၈ ရာခိုင် နှုန်း)၊ အာရပ်စော်ဘွားများပြည်ထောင်စု (၂၀.၈ ရာခိုင်နှုန်း)၊တရုတ်ပြည်မ (၂၀.၂ ရာခိုင်နှုန်း)၊ ဗီယက် နမ် (၁၇.၇ ရာခိုင်နှုန်း) နှင့် အိန္ဒိယ (၁၂.၉ ရာခိုင်နှုန်း) တို့သို့ ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်ခဲ့ပြီး နယ်သာလန်နိုင်ငံ (-၂၇.၈ ရာခိုင်နှုန်း) သို့ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ပါသည်။

ကာလတူအတွင်း၌ သွင်းကုန်တင်သွင်းမှုအနေဖြင့်လည်း ယခင်နှစ်ထက် မြင့်တက်ခဲ့ရာ အဓိက သွင်းကုန်တင်သွင်းရာ နိုင်ငံ/ဒေသများဖြစ်သည့် ကိုရီးယား (၅၈.၄ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၃၇.၉ ရာခိုင်နှုန်း)၊ ထိုင်း (၁၉.၆ ရာခိုင်နှုန်း)၊ စင်ကာပူ (၁၅.၃ ရာခိုင်နှုန်း)၊ အမေရိကန် (၁၃.၉ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၉.၈ ရာခိုင်နှုန်း) တို့မှ သွင်းကုန် တင်သွင်းမှုတန်ဖိုး မြင့်တက်ခဲ့ပြီး၊ အိန္ဒိယ(-၁၁.၆ ရာခိုင်နှုန်း) မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ကျဆင်းခဲ့ပါသည်။

ကုန်စည်အလိုက် ပို့ကုန်/သွင်းကုန် အတက်အကျအနေဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် မတ်လအတွင်း ဟောင်ကောင်ဒေသ၏ အဓိကကုန်စည်အုပ်စုများ၏ ပို့ကုန်တန်ဖိုး မြင့်တက်ခဲ့ပြီး အထူးသဖြင့် "electrical machinery, apparatus and appliances, and electrical parts thereof" မှာ ပို့ကုန်တန်ဖိုး (၄.၈ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၈.၇ ဘီလီယံနှင့် "telecommunications and sound recording and reproducing apparatus and equipment" ပို့ကုန်တန်ဖိုး (၁၄.၂ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၅.၇ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်အုပ်စုများ၏ တင်သွင်းမှုတန်ဖိုး မြင့်တက်ပါသည်။ အထူးသဖြင့် "electrical machinery, apparatus and appliances, and electrical parts thereof" မှာ ပို့ကုန်တန်ဖိုး (၅.၈ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၀.၆ ဘီလီယံမြင့်တက်လာပြီး၊ "telecommunications and sound recording and reproducing apparatus and equipment" ပို့ကုန်တန်ဖိုး (၁၈.၃ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၇.၅ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တစ်ခုလုံးအနေဖြင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက "electrical machinery, apparatus and appliances, and electrical parts thereof" ပို့ကုန်တန်ဖိုး(၁၃.၇ရာခိုင်နှုန်း)ဟောင်ကောင်ဒေါ်လာ ၆၀.၉ ဘီလီယံနှင့်"telecommunications and sound recording and reproducing apparatus and equipment" ပို့ကုန်တန်ဖိုး (၁၆.၉ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၉.၅ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ကာလတူအတွင်း အဓိက ပို့ကုန်အုပ်စုအချို့၏ ပို့ကုန်တင်ပို့မှုတန်ဖိုးလည်း မြင့်တက်ခဲ့ရာ အထူးသဖြင့် electrical machinery, apparatus and appliances, and electrical parts thereof ပို့ကုန်တင်ပို့မှုတန်ဖိုး (၉.၉ ရာခိုင်နှုန်း) တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၄၄.၃ ဘီလီယံနှင့် "telecom -munications and sound recording and reproducing apparatus and equipment" ပို့ကုန်တင်ပို့မှုတန်ဖိုး (၁၄.၂ ရာခိုင်နှုန်း) တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၁၆.၆ ဘီလီယံ မြင့်တက်ခဲ့ပါသည်။

ယခင်နှစ် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဟောင်ကောင် ဒေသ၏ ပို့ကုန်တင်ပို့မှုတန်ဖိုး အစဉ်တစိုက် တိုးတက်လာကြောင်း၊ တရုတ်ပြည်မသို့ တင်ပို့မှုများ ပိုမိုတိုးတက်လာသော်လည်း ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန် ဈေးကွက်များဖြစ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂသို့ တင်ပို့မှုကျဆင်းခဲ့ကြောင်း၊ ထို့ပြင်အာရှဒေသရှိ အဓိက ဈေးကွက်များသို့ တင်ပို့မှုမှာလည်း အတက်အကျများ ရှိနေသေးသည်ဟု အစိုးရပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ ပြင်ပဈေးကွက်များ၌ ငွေရေးကြေးရေးကြပ်တည်းမှု ကြာမြင့်နေခြင်းနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများ အခြေအနေများကြောင့် ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် အကျိုး သက်ရောက်နေမည်ဖြစ်သော်လည်း ပြင်ပဈေးကွက် ဝယ်လိုအား အနည်းငယ်ပိုမို မြင့်တက်လာခြင်းသည် ပို့ကုန်တင်ပို့မှုအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်  ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News