International News

ဗီယက်နမ်နိုင်ငံသည် စင်ကာပူ၏ ထိပ်တန်းပင်လယ်စာ တင်သွင်းသူ (၅) နိုင်ငံထဲတွင် ပါဝင်

Last Updated:

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် စင်ကာပူသို့ ထိပ်တန်းပင်လယ်စာတင်ပို့သူ (၅) ဦး စာရင်းတွင် ဗီယက်နမ်နိုင်ငံ ပါဝင်ခဲ့ကြောင်း စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရ သိရှိရပါသည်။

အဆိုပါကာလအတွင်း စင်ကာပူသို့ ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှုသည် စုစုပေါင်း စင်ကာပူဒေါ်လာ ၂၄ သန်းကျော်ရှိပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၂၂ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူသို့ နိုင်ငံနှင့်နယ်မြေပေါင်း ၁၀၀ နီးပါးမှ ပင်လယ်စာတင်ပို့မှု အလုံးစုံ ကျဆင်းသွား သော်လည်း စုစုပေါင်း အသုံးစရိတ်မှာ စင်ကာပူဒေါ်လာ ၃၄၀ သန်းနီးပါးရှိပြီး တစ်နှစ်ထက် တစ်နှစ် ၅.၆၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ သို့ရာတွင် ဗီယက်နမ်၏ စင်ကာပူဈေးကွက်တွင် တည်ရှိမှုသည် သိသိသာသာ အားကောင်းလာကြောင်း ဖော်ပြထားပါသည်။

စင်ကာပူသို့ ပင်လယ်စာတင်ပို့သည့် ထိပ်တန်း ၁၅ နိုင်ငံအနက် မလေးရှားနိုင်ငံသည် ထိပ်တန်းတင်ပို့သူဖြစ်ပြီး ၎င်းနောက်တွင် နော်ဝေ၊ အင်ဒိုနီးရှားနှင့် တရုတ်တို့ပါဝင်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံကို ကျော်တက်၍ ပဥ္စမမြောက်အနေအထားသို့ တက်လှမ်းခြင်းသည် ထင်ရှားသောမှတ်တိုင်ဖြစ်သည်။

ပင်လယ်စာတင်ပို့ရောင်းချသည့် ထိပ်တန်း (၆) နိုင်ငံ၏ ဈေးကွက်ဝေစုများအနေဖြင့် မလေးရှားနိုင်ငံသည် ၁၃.၆ ရာခိုင်နှုန်း၊ နော်ဝေးနိုင်ငံသည် ၁၁.၄၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံသည် ၁၁.၁၃ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသည် ၁၀.၁၅ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသည် ၈.၅၈ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံသည် ၈.၃၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း ဖော်ပြထားသည်။

စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးမှ ဗီယက်နမ်ပင်လယ်စာတင်ပို့မှု လုပ်ငန်းများ ပိုမို ကောင်းမွန်သော ဈေးကွက်ဝင်ရောက်ခွင့်ရရှိရန်နှင့် ကုန်ကျစရိတ်များ လျှော့ချရန်အတွက် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များကို အသုံးချရန် အကြံပြုထားသည်။ ထို့အပြင် စားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ကမ္ဘာ့ပင်လယ်စာဈေးကွက်တွင် နှစ်သက်ဖွယ်ကောင်းသော ပုံသဏ္ဍာန်ရှိစေရန်လိုအပ်ပြီး အရည်အ‌သွေးစံနှုန်းများနှင့်ထုတ်ကုန်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဈေးကွက်စည်းမျဉ်းများလိုက်နာရန် အကြံပြုထားပါသည်။ အဆိုပါ နည်းဗျူဟာများသည် စင်ကာပူနှင့်အခြားနိုင်ငံများသို့ ၎င်းတို့၏ပို့ကုန်တိုးတက်မှုနှင့် အောင်မြင်မှုကို သိသိသာသာ အထောက်အကူပြုစေပါကြောင်း သုံးသပ်တင်ပြရပါသည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News