International News

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ The Neighbouring Countries Economic Development Cooperation Agency (NEDA) က နယ်စပ်ဒေသစီမံကိန်းများအတွက် ဘတ် ၄ ဘီလီယံ လျာထား

Last Updated:

ထိုင်းနိုင်ငံ၊ The Neighbouring Countries Economic Development Cooperation Agency (NEDA) က ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ချိတ်ဆက်မှုကို မြှင့်တင်ရန်အတွက် ဘတ် ၄ ဘီလီယံတန်ဖိုးရှိသော စီမံကိန်းသစ် ၃ ခု ဆောင်ရွက်ရန် အဆိုပြုသွားရန် လျာထားပါကြောင်း ဥက္ကဋ္ဌ Perames Vudthitornetiraks က ပြောကြားခဲ့ပါသည်။

NEDA ၏ ဦးစားပေးကဏ္ဍများမှာ သယ်ယူပို့ဆောင်‌ရေး ချိတ်ဆက်မှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ GMS စီးပွားရေးစင်္ကြန်များနှင့် နယ်စပ်များတွင် အထူးစီးပွားရေးဇုန်များတည်ထောင်ခြင်းတို့အပါအဝင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတို့ဖြစ်ကြောင်း၊အိမ်နီးချင်းနိုင်ငံများတွင် လမ်းများ၊ တံတားများနှင့် မီးရထားလမ်းများနှင့် မြို့တော်စည်ပင်သာယာရေးအတွက် ရေစီးရေလာကောင်းစေသည့် ရေနုတ်မြောင်းစနစ်များတိုးတက်စေရေး ကဲ့သို့သော အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာအကူအညီနှင့် အတိုးနှုန်းနည်းပါးသော ချေးငွေများပေးအပ်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံများကို ချဲ့ထွင်ရာရောက်ပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

စီမံကိန်းအသစ်များတွင် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ Stung Bot နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ခြင်း၊ ပြည်နယ်လမ်းမကြီး အမှတ်(၅)သို့ ချဉ်းကပ်လမ်း (အဆင့် ၂)၊ ပြည်နယ်လမ်းမကြီး အမှတ် ၆၈ ကို အဆင့်မြှင့်တင်မည့် ဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်မှုနှင့် အသေးစိတ်ဒီဇိုင်း၊ Chong Chom / O Smach-Samrong- Kralanh စီမံကိန်းနှင့် လာအိုနိုင်ငံ အတွင်းရှိ ပြည်နယ်လမ်းမကြီး အမှတ် ၁၂ ၏ Thakhet မှ Na Phao ထိ လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စသည့် စီမံကိန်းများ ပါဝင်ပါကြောင်း ဖြည့်စွက်ရှင်းလင်းပါသည်။

NEDA အနေဖြင့် လွန်ခဲ့သော ၄ နှစ်တာကာလအတွင်း  မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများ၏ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဘတ် ၈ ဘီလီယံ ချေးငွေများ ပေးအပ်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းများကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုများ တိုးတက်လာခဲ့ပါကြောင်း၊ NEDA ၏ ဆောင်ရွက်ချက်  များသည် နိုင်ငံ၏မဟာဗျူဟာကျ နှစ် ၂၀ အစီအစဉ်(၂၀၁၈-၂၀၃၇)၏ ရှုထောင့် ၂ ခုဖြစ်သော တိုင်း ပြည် လုံခြုံရေး (စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း)နှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာမှု (အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ခရီးသွားလာရေးများ တိုးမြှင့်လာခြင်းနှင့် ချောမွေ့သော  သယ်ယူပို့ဆောင်ရေးနှင့် Logistics ဖြင့် ဒေသတွင်း ချိတ်ဆက်မှုချောမွေ့လာစေခြင်း) တို့ကို ကိုက်ညီပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့ )

Source: www.bangkokpost.gov   

Category: International News