International News

အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံမှ သကြားကြမ်း(Raw Sugar) ၁၄၅,၂၃၅ မက်ထရစ်တန်အား အခွန်နှုန်းသက်သာစွာဖြင့် တင်ပို့ခွင့်ပြု

Last Updated:

ဖိလစ်ပိုင်နိုင်ငံမှ သကြားကြမ်း (Raw Sugar) ၁၄၅,၂၃၅ မက်ထရစ်တန်အား အခွန်နှုန်း သက်သာစွာဖြင့် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ်အဖြစ် ဆက်လက်တင်ပို့ခွင့်ပြုကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဒိုမေနီကန် (၁၈၉,၃၄၃ မက်ထရစ်တန်) နှင့် ဘရာဇီးလ် (၁၅၅,၉၉၃မက်ထရစ်တန်) တို့၏ နောက်တတိယ တင်သွင်းခွင့် အများဆုံးရရှိထားသည့်နိုင်ငံဖြစ်ပြီး ၂၀၂၅ ဘဏ္ဍာရေးနှစ်ဖြစ်သော ၁-၁၀-၂၀၂၄ မှ ၃၀-၉-၂၀၂၅ ရက်ထိ အတွက် ခွဲဝေချထားပေးခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် အစောပိုင်းကာလများက ပြည်တွင်းထုတ်လုပ်နိုင်မှု အခြေအနေများအရ ၂၀၂၄ ခုနှစ်အတွင်း သကြားတင်ပို့ရန် ကနဦးခွဲတမ်း (Initial Quota) အတွက် တင်ပို့နိုင်ခြင်း မရှိသေးကြောင်းအတည်ပြုပြောကြားခဲ့ပါသည်။ သို့ရာတွင် အစိုးရမှပြည်တွင်းသကြားတောင်သူ များအား အမြတ်ရရှိစေရန်အတွက် Farm Gate Price အား တိုးမြှင့်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် သကြားတင်ပို့ခွင့် ခွဲတမ်းအား ပြန်လည်တောင်းခံခဲ့ခြင်းဖြစ်ပါသည်။

ထို့အတွက် အမေရိကန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံအား သကြားတင်ပို့ခွင့် ၂၅,၃၀၀ မက်ထရစ်တန်အား ခွဲတမ်းခွဲဝေချထားပေးခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းသကြားအထွက်နှုန်း ကျဆင်းခဲ့သဖြင့် အမေရိကန်နိုင်ငံသို့ သီးနှံရာသီ ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ခုနှစ် (၂) နှစ်ဆက် တိုက် သကြားတင်ပို့ခဲ့ခြင်းမရှိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံနှင့် အမေရိကန်နိုင်ငံသည် နှစ်အကြာ ရှည်ဆုံး ကုန်သွယ်ဖက်နိုင်ငံများဖြစ်ကြောင်းကိုလည်း ဖော်ပြပါရှိပါသည်။

Sugar Regulatory Administration (SRA) Board မှ အမေရိကန်နိုင်ငံသို့ အခွန်နှုန်း သက်သာခွင့်ဖြင့် တင်ပို့မည့် Sugar Order (SO-3) ကို စိုက်ပျိုးရေးဝန်ကြီးနှင့် SRA Board ဥက္ကဋ္ဌဖြစ်သူ Secretary Francisco Tiu Laurel Jr. မှ အတည်ပြုလက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာထားပြီးဖြစ်ပါသည်။ SO-3 အား ၂၆-၇-၂၀၂၄ ရက်နေ့ရက်စွဲဖြင့် National Registrar Office တွင် မှတ်တမ်းတင်ပြီး ၃ ရက်ကြာပြီးနောက် အသက်ဝင်မည်ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်းသကြား လိုအပ်ချက်အား ဦးစားပေးဆောင်ရွက်လျက်ရှိသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်း အမေရိကန်ဈေးကွက်သို့ သကြားတင်ပို့နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လက အမေရိကန်မှ ဖိလစ်ပိုင်နိုင်ငံသို့ သကြားကြမ်း မက်ထရစ်တန် ၂၅,၃၀၀ တန်အား အကောက်ခွန်အနိမ့်နှုန်းဖြင့် တင်ပို့ရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး အမေရိကန်သို့ ပေးပို့မည့်ခွဲတမ်းအတွက် စက်တင်ဘာလ ၃၀ ရက်နေ့ထိ တိုင်အောင် ဖြည့်တင်းသွားရန် ခွင့်ပြုထားပြီးဖြစ်ပါသည်။ Philippines Sugar Regulatroy Administrartion Board  မှ Sugar Order အား ထုတ်ပြန်ခဲ့ပြီဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source: https://www.philstar.com/business/2024/07/29/2373641/us-allows-145235-mt-raw-sugar-export-quota-philippines

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News