ဇန်နဝါရီမှစက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်ပုစွန် တင်ပို့မှု သည် အမေရိကန်ဒေါ်လာ ၂၀၅.၈၇ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃၃ ဆ တိုးမြင့်လာကြောင်း၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုဆက်ဆံရေး ပိုမိုအားကောင်းလာကာ ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
South China Morning Post က အဆိုပါတင်ပို့မှုသည် ယခင်နှစ် အလားတူကာလထက် ၃,၂၈၅ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ စာရင်းများကို ကိုးကား၍ ဖော်ပြခဲ့သည်။
စက်တင်ဘာလတစ်လတည်းတွင် ဗီယက်နမ်နိုင်ငံ၏ ကျောက်ပုစွန်တင်ပို့မှုသည် ဩဂုတ်လထက် ၁၃၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကျောက်ပုစွန်တင်သွင်းမှုမှာ ပြီးခဲ့သည့်နှစ်ထက် ၄၀.၈၆ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။
အသုံးစရိတ်သုံးစွဲမှု သတိထားဆောင်ရွက်နေချိန်တွင် တရုတ်စားသုံးသူများသည် တန်ဖိုးကြီး အစားအစာများ ဝယ်လိုအားမြင့်တက်လာကြောင်း တွေ့ရှိရပြီး၊ ဗီယက်နမ်မှ တင်သွင်းမှု ကုန်ကျစရိတ်သည် အလုပ်သမားနှင့် ပို့ဆောင်မှုကွာခြားခြင်းကြောင့် အခြားနိုင်ငံများထက် သိသိသာသာ နည်းပါးနေကြောင်း လေ့လာသုံးသပ်သူများက၏ အဆိုအရ သိရှိရပါသည်။
ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်းမှ ကျွမ်းကျင်သူ Phung Thi Kim Thu က နှစ်နိုင်ငံသဘောတူစာချုပ်များနှင့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးဆောင်ရွက်မှု (RCEP) အောက်တွင် တရုတ်နိုင်ငံမှ ဖြေလျှော့ထားသော ပင်လယ်စာတင်သွင်းမှု စည်းမျဉ်းများနှင့် ကုန်သွယ်မှု သဘောတူညီချက်များသည် ဗီယက်နမ်မှ ပုစွန်များတင်ပို့မှုကို မြှင့်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဘေဂျင်း နှင့် ကင်ဘာရာတို့သည် ၄ နှစ်နီးပါး ဆိုင်းငံ့ထားသည့် ကျောက်ပုစွန် တင်ပို့မှုကို အဆုံးသတ်ရန် သဘော တူညီခဲ့ကြပြီး မကြာမီ ဩစတြေးလျသို့ကျောက်ပုစွန်များ ပြန်လည်တင်ပို့တော့မည်ဖြစ်သည်။
၂၀၁၉ ခုနှစ်က မှတ်တမ်းတင်ခဲ့သော အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပုစွန် တင်သွင်းမှု ထက်ဝက်ကျော်သည် သြစတြေးလျမှဖြစ်ကြောင်း သိရှိရပါသည်။
Source: VN Express International
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)