International News

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမငါးလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁.၀၇ ဘီလီယံအထိ ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ယခုနှစ် ပထမငါးလတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၁.၀၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ အချက်အလက်များအရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအကောင်အထည်ဖော်မှုမှာ အမေရိကန်ဒေါ်လာ ၈.၂၅ ဘီလီယံခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၇.၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ သည်။

မေလ ၂၀ ရက်နေ့ထိ စာရင်းများအရ အရှေ့တောင်အာရှနိုင်ငံများမှ မှတ်ပုံတင်ထားသော စီမံကိန်းစုစုပေါင်း ၄၀,၂၈၅ ခုရှိပြီး မတည်ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ ၄၈၁.၃၃ ဘီလီယံ ရှိကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မှုမှာ အမေရိကန်ဒေါ်လာ ၃၀၅.၄၃ ဘီလီယံ သို့မဟုတ် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၆၃.၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသည် ရေနံစိမ်းအပါအဝင် ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ ၁၉.၅၇ ဘီလီယံနှင့် ရေနံစိမ်းမပါဝင်ဘဲ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၈.၅၂ ဘီလီယံရှိကြောင်း၊ ပြည်တွင်းကဏ္ဍသည် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၁.၀၅ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရှိရပါသည်။

ထုတ်လုပ်မှုနှင့် ပြုပြင်ခြင်းစက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုမတည်ငွေ အမေရိကန်ဒေါ်လာ ၇.၄၃ ဘီလီယံကျော်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၆၇.၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါ သည်။

အိမ်ခြံမြေကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၉၈ ဘီလီယံနီးပါး သို့မဟုတ် စာရင်းသွင်းမတည်ငွေရင်း စုစုပေါင်း၏ ၁၇.၉ ရာခိုင်နှုန်းနီးပါးဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၇၀.၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။ လက်လီ၊ လက်ကား၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ကဏ္ဍများတွင် စုစုပေါင်း မှတ်ပုံတင်ထားသော မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၈၅၆.၄ သန်းကျော်ရှိကြောင်း ဖော်ပြထားသည်။ ထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းသည် စီမံကိန်းအသစ်များ၏ ၃၅.၉ ရာခိုင်နှုန်းရှိပြီး၊ စီမံကိန်း အားလုံး၏ ၆၂.၃ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံနှင့် နယ်မြေ ၇၈ ခုတွင် စင်ကာပူသည် အမေရိကန် ဒေါ်လာ ၃.၂၅ ဘီလီယံနီးပါးဖြင့် ထိပ်ဆုံး၌ရပ်တည်နေလျက်ရှိပြီး၊ ယခင်နှစ် အလားတူကာလ ထက် ၂၈.၂ ရာခိုင်နှုန်းနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI) စုစုပေါင်း၏ ၂၉.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဟောင်ကောင် (တရုတ်) သည် အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံနီးပါးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ၁၃.၁ ရာခိုင်နှုန်းနှင့် ယခင်နှစ်ကထက် ၂၂၀ ရာခိုင်နှုန်း တိုးလာခဲ့ သည်။ ဗီယက်နမ်၏ အခြားအကြီးဆုံးရင်းနှီးမြှုပ်နှံသူသုံးဦးမှာ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ်အရေအတွက် ၂၈.၃ ရာခိုင်နှုန်းဖြင့် တရုတ်နိုင်ငံက ဦးဆောင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

 

 

 

Source : Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News