International News

ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၄ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်ဖွင့်လှစ်ပြီး မြန်မာသံရုံးမှ ပြခန်းဖွင့်လှစ်ပါဝင်ဆင်နွှဲ

Last Updated:

ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၄ (Korea Import Fair 2024) ဖွင့်ပွဲ အခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အစည်းအဝေးနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center- COEX) ၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာ သံအမတ်ကြီးဦးသန့်စင် တက်ရောက်၍ ဆိုးလ်မြို့အခြေစိုက် ပြည်ပနိုင်ငံသံရုံး ၄၇ ရုံးမှ  သံအမတ်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ ကိုရီးယားသွင်းကုန်ပြပွဲသည် ကိုရီးယားနိုင်ငံကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်း အင်ဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံသွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association- KOIMA) တို့က ကြီးမှူးကာ နှစ်စဉ်ကျင်းပသည့် ပြပွဲဖြစ်ပြီး ယခုနှစ်ကျင်းပ သည့် ပြပွဲသည် ၂၁ ကြိမ်မြောက်ပြပွဲဖြစ်ပါသည်။ ပြပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ ပြည်ပနိုင်ငံ များမှထုတ်ကုန်များ၊ ပို့ကုန်ပစ္စည်းများကို ကိုရီးယားနိုင်ငံရှိ သွင်းကုန်တင်သွင်းသူ များနှင့် Korea Importers Association- KOIMA အဖွဲ့ဝင်ကုမ္ပဏီများ အား မိတ်ဆက်ပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါ ပြပွဲတွင် ပြည်ပနိုင်ငံများမှ ပို့ကုန်လုပ်ငန်းရှင်များ/ကုမ္ပဏီများက လယ်ယာ ထွက်ကုန် ပစ္စည်းမှအစပြု၍ Industry 4.0 နည်းပညာများအထိ ခင်းကျင်းပြသ လျက်ရှိပါ သည်။

အဆိုပါပြပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး (ဆိုးလ်မြို့) မှ မြန်မာ့ပို့ကုန် ပစ္စည်းများဖြစ်သည့် ကော်ဖီ၊ ပဲပျိုးစုံ၊ ပုဇွန်ခြောက်၊ ပျားရည်၊ မြန်မာ့အနုပညာပစ္စည်း အစ ရှိစသည့် ကုန်စည်များကို ခင်းကျင်းပြသလျက်ရှိပါကြောင်းနှင့် ပြပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်း။

 

 

 

Category: International News