International News

တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ပို့ကုန်တင်ပို့ရမှုပမာဏသည် တရုတ်နိုင်ငံသို့ တင်ပို့ရသည့်ပမာဏထက် ပိုမိုမြင့်မား

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် (၇) လဆက်တိုက် မြင့်မားလာခဲ့သည့်အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ချစ်ပြားများနှင့် ကားတင်ပို့မှု မှတ်တမ်းတင်ဖွယ်မြင့်မားလာခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်အလားတူကာလကတင်ပို့မှုပမာဏထက် ၁၃.၈ ရာခိုင်နှုန်းမြင့်မားလာခဲ့သည်ဟု ကုန် သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ၁-၅-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ပို့ကုန်တင်ပို့မှု ပိုမိုမြင့် မားလာခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရသည့်ပမာဏထက်ပင် မြင့်မားလာပါသည်။ အဆိုပါနှစ်နိုင်ငံသို့ တင်ပို့ရမှုပမာဏကွာဟမှုသည်လည်း ပိုမိုကျယ်ပြန့်လာပါသည်။ လက်ရှိတွင် အမေရိကန်ပြည် ထောင်စုသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဒုတိယမြောက်အကြီးမားဆုံး ပို့ကုန်ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပါသည်။

ပို့ကုန်တင်ပို့မှုသာမက ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် သွင်းကုန်တင်သွင်းမှုသည်လည်း ယခင်နှစ် အလားတူကာလကထက် ၅.၄ ရာခိုင်နှုန်း မြင့်မားလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၄.၇ ဘီလီယံ အထိရောက်ရှိခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုမြင့်မားလာသော်လည်း ပို့ကုန်တင်ပို့မှုဝင်ငွေသည် သွင်းကုန်တင်သွင်းရန် သုံးစွဲခဲ့သည့်ပမာဏထက် အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလီယံပိုမိုခဲ့ပါသည်။ ယင်းသို့ ကုန်သွယ်မှုပိုငွေပြခဲ့သည်မှာ ၁၁ လ ဆက်တိုက်ရှိပြီဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ချစ်ပ်ပြားများနှင့် ကားများ အပါအ ဝင် အခြားသောကုန်စည်များကို ကမ္ဘာ့နိုင်ငံများစွာက ဝယ်လိုအားမြင့်မားလာခဲ့သည့် အတွက် ပို့ကုန် တင်ပို့မှု တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ချစ်ပ်ပြားများတင်ပို့မှုသည် ၆ လဆက်တိုက် မြင့်မား ခဲ့ပြီး ယခင်နှစ်ကထက် ၅၆.၁ ရာခိုင်နှုန်းတိုးတက်တင်ပို့နိုင်ခဲ့ကာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉.၉၆ ဘီလီယံရရှိခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံများသည် Artificial Intelligence Servers တွင် ရင်းနှီး မြှုပ်နှံမှု မြင့်မားလာခြင်းကြောင့် သတင်းအချက်အလက်နှင့်နည်းပညာလုပ်ငန်းကဏ္ဍ (IT industry) မှ မှတ် ဉာဏ်ချစ်ပ်ပြားများ ဝယ်လိုအားမြင့်မားခဲ့ပါသည်။ ဝယ်လိုအားမြင့်မားလာသည်နှင့်အမျှ ဈေးနှုန်းလည်းမြင့်မားစွာရရှိခဲ့သည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့မှုဝင်ငွေမြင့်မားလာ ခြင်းဖြစ်သည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ချစ်ပ်ပြားများနှင့်အတူ အခြားသော IT ပစ္စည်း (၃) ခုများဖြစ်သည့် Displays၊ ကွန်ပျူတာ များ၊ ရွေ့လျားဆက်သွယ်ရေးပစ္စည်းများ တင်ပို့မှုလည်းမြင့်မားလာခဲ့ပါကြောင်း၊ ကားတင်ပို့မှုသည် လည်း လွန်ခဲ့သည့် ၂ လတွင် တင်ပို့မှုကျဆင်းနေရာမှ ယခုလတွင် တင်ပို့မှုမြင့်မားလာခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆.၇၉ ဘီလီယံရရှိခဲ့ပါကြောင်း၊ အဆိုပါပမာဏသည် ယခင်နှစ်အလားတူ ကာလတင်ပို့မှုထက် ၁၀.၃ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမတိုင်ခင်ကအထိ တောင်ကိုရီးယားနိုင်ငံ၏  အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုက၂၀၂၃ ခုနှစ်၊ ဒီဇင် ဘာလမှစ၍ တရုတ်နိုင်ငံ၏နေရာကို ရယူနိုင်ခဲ့သည့်အပြင် အဆိုပါ နှစ်နိုင်ငံသို့ တင်ပို့ရမှုပမာဏ အရလည်း ကွာဟမှုကြီးမားကြောင်း၊ ယခုနှစ်အတွင်း စုစုပေါင်းကုန်သွယ်မှုပိုငွေသည် အမေရိကန် ဒေါ်လာ ၁၀.၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီဖြစ်သည့်အတွက် ၅ နှစ်အတွင်း ကုန်သွယ်မှုပိုငွေပြမှု ပမာဏအများဆုံး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း IT ပစ္စည်းများတင်ပို့ရမှု မြင့်မားမည်ဖြစ် သည့်အတွက် ကုန်သွယ်မှုပိုငွေဆက်လက်ပြမည်မျှော်မှန်းကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်း အင်ဝန်ကြီး Ahn Duk-geun ကပြောကြားခဲ့ပါသည်။

 

Source: https://m.theinvestor.co.kr/view.php?ud=20240502050119

ဒေါ်ပပ၊ စီးပွားရေးသံမှူူး၊ ဆိုးလ်မြို့။

Category: International News