International News

တောင်ကိုရီးယားနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆,၁၉၄ အထိရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံထက်ပင် သာလွန်ခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်သည် နိုင်ငံတော်စာရင်းအင်းများအတွက် စံသတ်မှတ် နှစ်ကို ပြန်လည်သုံးသပ် ပြင်ဆင်ပြောင်းလဲ တွက်ချက်မှုများ (Revision Of The Benchmark Year) ဆောင်ရွက်ခဲ့ခြင်း၏ နောက်ဆုံးရလဒ်များကို ၅-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့မှုအရ  တောင်ကိုရီးယားနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆,၀၀၀ ကျော် အထိရောက်ရှိခဲ့ပါသည်။

စံသတ်မှတ်နှစ်ကို ပြန်လည်သုံးသပ် ပြင်ဆင်ပြောင်းလဲ တွက်ချက်မှုများအရ တောင်ကိုရီးယားနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ (Gross National Income- GNI per Capita) သည် ၂၀၂၃ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၃၆,၁၉၄ အထိရောက်ရှိခဲ့ရာ ယခင်ခန့်မှန်းထားသည့် ပမာဏဖြစ်သည့် ၃၃,၇၄၅ ဒေါ်လာထက် မြင့်မားခဲ့သည့်အပြင် ဂျပန်နိုင်ငံ၏  လူတစ်ဦးချင်းဝင်ငွေ (ခန့်မှန်း) ထက်ပင် ကျော်လွန်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏  လူတစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ် လာ ၃၅,၇၉၃ သာရှိသည်ဟု ခန့်မှန်းထားပါကြောင်း တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်၏ နိုင်ငံတော်စာရင်းအင်းများတာဝန်ခံ ဝါရင့်အရာရှိတစ်ဦးဖြစ်သည့်  Mr. Choi Jeong-tae က ပြောကြား ခဲ့ပါသည်။

နောက်ဆုံးတွက်ချက်မှုများအရ ၂၀၂၃ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ၏ တစ်ဦးချင်း ဝင်ငွေသည် အီတလီနိုင်ငံထက် လျော့နည်းသော်လည်း ဂျပန်နိုင်ငံနှင့် ထိုင်ဝမ်တို့ထက် ပိုမိုခဲ့သည် ဟု Mr. Choi Jeong-tae က ပြောကြားခဲ့ပါသည်။ တွက်ချက်မှုအသစ်အရ ၂၀၂၃ ခုနှစ်တွင် တောင် ကိုရီးယားနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (Gross Domestic Product- GDP) သည် တောင် ကိုရီးယားဝမ်ငွေ ၂,၄၀၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၄ ထရီလီယံ) ရှိရာ ယခင်ခန့်မှန်းထား သည့် ပမာဏဖြစ်သည့် ၂,၂၃၆ ထရီလီယံဝမ် ထက်ပိုမိုလာပါကြောင်း၊ GDP တွင် အိမ်ထောင်စုများ ကြွေးမြီပါဝင်မှုအချိုးသည် ၉၃.၅ ရာခိုင်နှုန်းသာရှိရာ ယခင်ခန့်မှန်းထားသည့် ၁၀၀.၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျင် လျော့ကျလာပါကြောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိကာလအတွင်း နိုင်ငံ၏ နှစ် အလိုက် ပျမ်းမျှ GDP တိုးတက်နှုန်းသည်လည်း ၀.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါကြောင်း  တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်ထားပါသည်။

 

Source: The korea Herlad (5-6-2024)

https://m-en.yna.co.kr/view/AEN20240605007900320

‌ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

Category: International News