International News

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ အစားအသောက်ပို့ကုန်သည် ၂ ရာခိုင်နှုန်းထိ တိုးတက်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) က ပြောကြားခဲ့

Last Updated:

အာရှ၏ ထိပ်တန်းအစားအသောက်နှင့် အဖျော်ယမကာကုန်စည်ပြပွဲ THAIFEX-Anuga Asia 2024 အတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ အစား အသောက်ပို့ကုန်သည် ၂ ရာခိုင်နှုန်းထိ တိုးတက်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင် ရေးဦးစီးဌာန (DITP) က ပြောကြားခဲ့ပါသည်။

အစားအသောက်ကဏ္ဍသည် ပို့ကုန်တွင်ပါဝင်မှုအများဆုံးကဏ္ဍထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အစားအသောက်ပို့ကုန်သည် ၂.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉.၈ ဘီလီယံရှိခဲ့ပါကြောင်း၊ ယင်းသို့ တိုးတက်လာခြင်းမှာ ဖွံ့ဖြိုးဆဲနှင့် တိုးတက်ဆဲစီးပွားရေးတို့ ပြန်လည် ကောင်းမွန်လာခြင်းနှင့် ပို့ကုန်ကဏ္ဍကို အကျိုးအမြတ်ရှိစေသည့် ဘတ်ငွေတန်ဖိုး ကျဆင်းနေခြင်း ကြောင့်လည်း ဖြစ်ပါကြောင်း၊ အယ်လ်နီညိုရာသီဥတုကြောင့် စိုက်ပျိုးရေးထုတ်ကုန်များကျဆင်းခဲ့ပြီး အစားအစာအတွက် ဝယ်လိုအား မြင့်တက်လာခဲ့ပါကြောင်း၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ထိုင်းကုန်သည်ကြီးများအသင်းနှင့် ဂျာမနီ Koelnmesse တို့ ပူးပေါင်း၍ “Beyond Food Experience” ခေါင်းစဉ်ဖြင့်  THAIFEX-Anuga Asia 2024 အတွက် ပြင်ဆင်နေပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Phusit Ratanakul Sereroengrit က ပြောကြားခဲ့ပါသည်။

အဆိုပါ ကုန်စည်ပြပွဲသည် အာရှတွင် အကြီးဆုံးနှင့် အကျယ်ပြန့်ဆုံး အစားအစာနှင့် အဖျော် ယမကာ ပြပွဲဖြစ်ပြီး အစားအစာနှင့်အဖျော်ယမကာလုပ်ငန်းများ၊ လက်လီရောင်းချသူများ၊ စူပါ မားကတ်များ၊ စတိုးဆိုင်များ၊ ဟိုတယ်များ၊ ဟိုက်ပါမားကတ်များ၊ စားသောက်ဆိုင်များအနေဖြင့် ထိုင်းထိပ်တန်းနှင့် နိုင်ငံတကာကုမ္ပဏီများမှ လုပ်ငန်းမိတ်ဖက်များရှာဖွေချိတ်ဆက်နိုင်သည့် ပလက် ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ ပြပွဲသည် ထိုင်းစားဖိုဆောင်မှကမ္ဘာကြီးဆီသို့ (Thai Kitchen to World) သွားမည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မူဝါဒအရ ကမ္ဘာ့စံချိန်စံနှုန်းအတိုင်း အစားအစာများကို အရည်အသွေးမြင့်ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတွင် ဦးဆောင်နေသည့် ထိုင်းနိုင်ငံ အဖြစ် ပြသရုံသာမက ကမ္ဘာ့နှင့်အဝှမ်းလိုလားချက်များဖြစ်သည့် အလုပ်သမားစံနှုန်းများ၊ ထုတ်လုပ်မှု စံနှုန်းများနှင့် အစားအစာလုံခြုံစိတ်ချရမှု စံနှုန်းများနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီမှုကို အလေးထားသော နိုင်ငံတကာစံနှုန်းများအတိုင်း ဆောင်ရွက်နေသည့် ကမ္ဘာအနှံ့ရှိ အစားအစာနယ် ပယ်မှ လုပ်ငန်းရှင်များ စုဝေးရာလည်း ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်စည်ပြပွဲတွင် နိုင်ငံ ၅၀ ကျော်မှ ပြခန်းပေါင်း ၆,၀၀၀ ကျော်နှင့် ပါဝင်ပြသသူ ၃,၀၀၀ ကျော်မည်ဖြစ်ပြီး ပြည်သူ ၈၀,၀၀၀ ကျော် လာရောက်လည်ပတ်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ပြပွဲ တွင် လက်ရှိ အစားအသောက်လမ်းကြောင်းပုံစံ၊ စားသုံးသူ၏ ဝယ်လိုအားနှင့် ဈေးကွက်ဖွံ့ဖြိုးလာမှု စသည့် အဖိုးတန် မြင်ကွင်းများကို တွေ့မြင်ရမည်ဖြစ်ပြီး မှာယူမှုများမှ ဘတ် ၁၀၀ ဘီလီကျော်မည်ဟု ခန့်မှန်းထားပါ ကြောင်း၊ THAIFEX-Anuga Asia 2024 ကို မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ Impact Muang Thong Thani တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ပြပွဲသို့ မြန်မာနိုင်ငံ၏ အစားအသောက်ကဏ္ဍမှ လုပ်ငန်းရှင်များ ပါဝင်ပြသခြင်းဖြင့် ကမ္ဘာ့နိုင်ငံ များမှ စားသုံးသူများ၏ ပြောင်းလဲလာသော စားသောက်မှုပုံစံ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် အစားအသောက်ထုတ်လုပ်မှုကဏ္ဍသို့ ပြောင်းလဲလာမှုတို့အတွက် ထိုင်းနိုင်ငံက ထောက်ပံ့မှုကွင်းဆက်တစ်လျှောက်အတူတကွမည်သို့လုပ်ဆောင်နေသည်ဆိုသည်ကို လေ့လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။   

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန််ကောက်မြို့။

Category: International News