International News

ထိုင်းနိုင်ငံက နိုင်ငံတွင်း ဓာတ်ငွေ့ထုတ်လုပ်မှုကို တိုးမြှင့်သွားရန်နှင့် အိမ်နီးချင်းနိုင်ငံများမှ Liquefied Natural Gas – LNG ဝယ်ယူမှုကို အသစ်ပြန်လည်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံက ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်မှုကို တိုးမြှင့်သွားမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများမှ Liquefied Natural Gas – LNG ပေါ် မှီတည်နေမှုကို လျှော့ချ၍ ဝယ်ယူရေးကို အသစ်ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

လျှပ်စစ်ဓာတ်အားကို မြင့်တက်စေမည့် ဈေးကွက်တွင်း ဈေးနှုန်းအတက်အကျများကြောင့် LNG ပိုမိုတင်သွင်းခြင်းကို မဆောင်ရွက်လိုတော့ကြောင်း၊ ထိုင်းနိုင်ငံ စွမ်းအင်ကဏ္ဍမှ တာဝန်ရှိသူများက LNG ကို မြန်မာနိုင်ငံနှင့် မလေးရှား-ထိုင်း ဖက်စပ်ဖွံ့ဖြိုးတိုးတက်မှုဧရိယာတို့မှ သဘာဝဓာတ်ငွေ့များ ဝယ်ယူနေသကဲ့သို့ ၂၀၂၄ နိုင်ငံအဆင့် ဓာတ်ငွေ့အစီအစဉ်အရ ထိုင်းပင်လယ်ကွေ့အတွင်းရှိ Pailin နှင့် Arthit ဓာတ်ငွေ့ကွင်းများမှ ဓာတ်ငွေ့ထွက်ရှိမှုလည်း မြင့်တက်လာမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုမှစ်မှ ၂၀၃၇ ခုနှစ် နိုင်ငံအဆင့် စွမ်းအင်အစီအစဉ်တွင် အခြားသောစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၊ စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၊ စွမ်းအင်လုံလောက်မှုအစီအစဉ်နှင့် ဆီအစီအစဉ်တို့ပါဝင်ကြောင်း စွမ်းအင်မူဝါဒနှင့် စီမံကိန်းရေးဆွဲရေးရုံး (EPPO) အကြီးတန်းအရာရှိ Mr. Wachara Phajee က ပြော ကြားခဲ့ပါသည်။

၂၀၃၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့လိုလားချက်သည် ၁.၇ ရာခိုင်နှုန်း၊ ၄,၉၄၅ million standard cubic feet per day (MMSCFD) ထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုတိုးမြှင့်မည့်အစီအစဉ် သို့မဟုတ် အိမ်နီးချင်းနိုင်ငံများမှ ဝယ်ယူမည့် အစီအစဉ် များကို မဆောင်ရွက်ထားပါက LNG ပိုမိုတင်သွင်းရန်လိုအပ်ပါကြောင်း၊ အကြမ်းဖျဉ်းအားဖြင့် နိုင်ငံ ဓာတ်ငွေ့၏ ၆၂ ရာခိုင်နှုန်းသည် စွမ်းအားထုတ်လုပ်ရေးအတွက်လည်းကောင်း၊ ၁၈ ရာခိုင်နှုန်းသည် လုပ်ငန်းသုံးအတွက် လည်းကောင်း၊ ၁၇ ရာခိုင်နှုန်းသည် စက်မှုကဏ္ဍအတွက်လည်းကောင်း၊ ၃ ရာခိုင် နှုန်းသည် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်လည်းကောင်း အသုံးပြုပါကြောင်း Mr. Wachara က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အာရှနိုင်ငံအများစုသည် ၎င်းတို့၏ စီးပွားရေးကို အထောက်အကူပြုရန်နှင့် အဓိက လောင်စာ အဖြစ် ဓာတ်ငွေ့ အထူးသဖြင့် LNG ကို အသုံးပြုကြပါကြောင်း၊ စက်ရုံများသည် ကျောက်မီးသွေးမှ LNG  သို့ ပြောင်းလဲလာကြသည်ဖြစ်၍ ၂၀၄၀ ပြည့်နှစ်တွင် အာရှတွင်း၌ စွမ်းအင် သုံးစွဲမှု မြင့်တက်လာ နိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ LNG ကုန်သွယ်မှုသည် တန်ချိန် ၄၀၄ သန်းထိ ရောက်ရှိခဲ့ကြောင်း၊ LNG သည် ရာသီဥတုပုံစံများကို အခြေခံ၍ အဆက်မပြတ် ထောက်ပံ့ပေးနေသောကြောင့် လေနှင့် နေရောင်ခြည်စွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်များကို ဖြည့်စွက်ပေးပါ ကြောင်း၊ LNG ကို စွမ်းအင်ထုတ်လုပ်သည့် ဖြည့်စွက်ချက်အဖြစ် ရှိခြင်းသည် ရေတိုပြောင်းလွယ်ပြင် လွယ်ရှိမှုနှင့် ထောက်ပံ့မှု၏ ရေရှည်တည်ငြိမ်မှုကို ထိန်းသိမ်းရန်လည်း ကူညီပေးပါကြောင်း Shell Plc က သုံးသပ်ထားပါသည်။

၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်ပဋိပက္ခအရှိန်မြင့်တက်လာပြီးနောက် ထိုင်းနိုင်ငံ၏ LNG တင်သွင်းမှု သည် မြင့်တက်လာခဲ့ပြီး လျှပ်စစ်ဓာတ်အားခလည်း မြင့်တက်လာခဲ့ပါကြောင်း၊ ယင်းကြောင့် နိုင်ငံ အနေဖြင့် ဓာတ်ငွေ့၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားသော လောင်စာများကို အချိုးချရာတွင် ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း Mr. Wachara က ထောက်ပြထားပါသည်။

လျှပ်စစ်နှုန်းထားများ နှုန်းထားအမြင့်တွင် မှတ်တမ်းမဝင်စေလိုသဖြင့် စွမ်းအင်အရာရှိများက လောင်စာပုံစံ၊ ဈေးနှုန်းများနှင့် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေး ထည့်သွင်းစဉ်းစားထားသည့် အစီအစဉ် ၂ ခုကို မူကြမ်းရေးဆွဲလျက်ရှိပါကြောင်း EPPO ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Sarat Prakobchat က ဖြည့်စွက်ပြောကြားပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News