International News

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားသောက်ကုန်အမျိုးအစား ၁၈ မျိုး၏ ဈေးနှုန်းအပေါ် စောင့်ကြည့်လျက်ရှိ

Last Updated:

ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွင် ၉ ရာခိုင်နှုန်း မြင့်တက် မှုရှိလာသဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ကုန်စည်အမျိုးအစား ၁၈ မျိုး၏ ဈေးနှုန်းကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိကြောင်း ၂၄-၆-၂၀၂၄ ရက်နေ့ထုတ် ဗန်ကောက်ပို့စ် သတင်းစာတွင် “Ministry keeping a close eye on prices” ခေါင်းစဉ် ဖြင့် ဖော်ပြပါရှိပါသည်။

စောင့်ကြည်လျက်ရှိသည့် ကုန်စည် အမျိုးအစားမှာ အသင့်စားခေါက်ဆွဲ၊ လတ်ဆတ် အစား အစာ၊ စည်သွပ်အစားအစာ၊ ဆန်အိတ်၊ အရသာဆော့စ်၊ ဟင်းရွက်ဆီ၊ အချိုရည်၊ နို့နှင့် နို့ထွက်ပစ္စည်း များ၊ လျှပ်စစ်ပစ္စည်း၊ ပိုးမွှားသတ်ဆေး၊ တိရစ္ဆာန်အစာ၊ မီးပူ၊ ဘိလပ်မြေ၊ စာရွက်၊ ဆေးဝါးနှင့် ဆေး ဘက်ဆိုင်ရာ ဝန်ဆောင်မှုများ၊ လက်လီ/လက်ကားဝန်ဆောင်မှုများဖြစ်ကြောင်း၊ ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်း၏ ၄၀ ရာခိုင်နှုန်းသည် စက်သုံးဆီကြောင့်ဖြစ်သော်လည်း ဈေးနှုန်း အပေါ် သက်ရောက်မှု မှာမူ ကုန်ပစ္စည်း၏ အလေးချိန်နှင့် အရေအတွက်ပေါ်မူတည်ပြီး ပြောင်းလဲမှု ရှိပါကြောင်း၊ ဝန်ကြီးဌာန ၏ မူဝါဒအတိုင်း ဈေးနှုန်းများကို ထိန်းသိမ်းထားပေးရန် လုပ်ငန်းဆောင်ရွက်နေသူများအား တောင်းဆို ထားကြောင်း ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Sur-iam က ပြောကြားခဲ့ပါသည်။

လုပ်ငန်းလည်ပတ်နေသူများက ဈေးနှုန်းမြင့်တက်ခြင်းထက် စားသုံးမှု မြင့်တက်လာခြင်းကို လှုံ့ဆော်လိုကြပါကြောင်း၊ LNG အတွက် ထောက်ပံ့ပေးမှုသည် ယခုလတွင် ကုန်ဆုံးတော့မည် ဖြစ် သဖြင့် ဦးစီးဌာနအနေဖြင့် မှာယူမှသာပြင်ဆင်သည့်အစားအစာ (made-to-order) နှင့် အမြန်စားသုံး နိုင်သော အစားအစာ (fast food) ဈေးနှုန်းများကို စောင့်ကြည့်နေပါကြောင်း၊ ထောက်ပံ့ပေးမှု သက်တမ်းကုန်ဆုံးသွားသော်လည်း တည်ငြိမ်နေသော ကြက်သားနှင့် ဈေးနှုန်းကျဆင်းနေသော ဝက် သား၊ ဥများနှင့် လတ်ဆတ်ဟင်းသီးဟင်းရွက်များ၏ ၁ ပန်းကန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပါကြောင်း၊ လတ်ဆတ်ဟင်းသီးဟင်းရွက်များ၊ သံပုရာသီးနှင့် နံနံပင်ဈေးနှုန်းများသည် မိုးရာသီ စတင်သည့်အချိန်မှစ၍ ကျဆင်းလျက်ရှိကြောင်း Mr. Wattanasak က ဖြည့်စွက်ပြောကြားခဲ့သည်။

ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်မြင့်တက်လာမှုကြောင့် စားသောက်ကုန်နှင့် ဝန်ဆောင်မှုအချို့၏ ဈေးနှုန်းများမြင့်တက်လာမည်ကို စိုးရိမ်သောကြောင့် ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာနက အနီးကပ်စောင့်ကြည့်နေမှုပင်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News