International News

Promotion Conference on 21st CAEXPO ပွဲ သို့ စိတ်ပါဝင်စားသော ကုန်သည်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်ရည်ရွယ်၍ တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၀၄ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးနှင့် ကုန်စည်ပြပွဲဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သည့် တာဝန်ခံဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပြမည်ဖြစ်ပြီး ပြပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ ပြပွဲကျင်းပရေးဆိုင်ရာ သတင်းအချက်အလက်များအား ရှင်းလင်းမျှဝေမည် ဖြစ်ပါသည်။

အဆိုပါ Promotion Conference on 21st CAEXPO အား ၃-၆-၂၀၂၄ ရက်နေ့ Wyndham Grand Yangon Hotel ရှိ U Bein 1 ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပါသဖြင့် (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ CAEXPO တွင် ပါဝင်ပြသရန် စိတ်ပါဝင်စားသည့် မြန်မာကုမ္ပဏီများအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ Email : event.td.myantrade@gmail. com နှင့် ဖုန်းနံပါတ် ၀၁-၃၈၅၃၂၃၊ ၀၆၇-၄၀၈၆၂၂ သို့ မေးမြန်စုံစမ်း၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: International News