၂၀၂၅ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံသည် အမေရိကန်မှ ကောက်ပဲ သီးနှံများကို အမေရိကန်ဒေါ်လာ(၇၆၅,၆၀၀)ဖိုးသာတင်သွင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ နွေရာသီနောက်ပိုင်း (၆)နှစ်အတွင်း အနည်းဆုံးပမာဏဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လတွင်လည်း အမေရိကန်ဒေါ်လာ(၆၅၃,၄၀၀)သာ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်မှ Sorghum ကို အများဆုံးတင်သွင်းခဲ့ပြီး ပြောင်းဖူးကို အမေရိကန်ဒေါ်လာ (၇၁,၀၀၀)ဖိုးတင်သွင်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလနှင့်နှိုင်းယှဉ်ပါက အမေရိကန်မှ တရုတ်သို့ ကောက်ပဲသီးနှံရောင်းချမှု သည် (၄)ဆကျဆင်းသွားကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တရုတ်သည် အမေရိကန်မှကောက်ပဲသီးနှံ အမေရိကန်ဒေါ်လာ(၃၆၉.၅)သန်းဖိုးဝယ်ယူခဲ့သဖြင့် ကာလတူနှိုင်းယှဉ်ပါက အဆ(၅၀၀)နီးပါးကျဆင်းသွားကြောင်း သိရှိရပါသည် ။
သွင်းကုန်ပမာဏသိသိသာသာကျဆင်းသွားမှုကြောင့် အမေရိကန်သည် တရုတ်နိုင်ငံသို့ ကောက်ပဲသီးနှံအများဆုံးတင်ပို့သည့် နိုင်ငံများအနက် အဆင့်(၁၅)နေရာ၌သာရပ်တည်လျက်ရှိကြောင်း၊ ဇွန်လတွင် တရုတ်သို့ ကောက်ပဲသီးနှံအများဆုံးရောင်းချသည့်နိုင်ငံများမှာ သြစတြေးလျ(စုစု ပေါင်း၏ ၄၆ ရာခိုင်နှုန်း)၊ ကနေဒါ(၂၅ ရာခိုင်နှုန်း)နှင့် မြန်မာနိုင်ငံ(၇) %တို့ဖြစ်ပြီး အမေရိကန်ထက် သိသိသာသာသာလွန်ခဲ့ကြောင်း သိရှိရပါ သည်။
ခြုံငုံကြည့်ပါကလည်း ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံတင်သွင်းမှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ကျဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ(၅၄၇.၄)သန်းသာရှိခဲ့ကြောင်းနှင့် ထိုသို့ကျဆင်းမှုသည် စီးပွားရေး (သို့မဟုတ်) ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကြောင်းရင်းများကြောင့်ဖြစ်နိုင်ပြီး ပြည်ပဈေးကွက်တွင် ကောက်ပဲသီးနှံဝယ်ယူမှုကျဆင်းသွားသည်ကို ဖော်ပြလျက်ရှိကြောင်း သိရှိရပါသည်။
Source: https://ukragroconsult.com/en/news/china-sharply-reduced-grain-imports-from-the-us-in-june/
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)