ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် သီဟိုဠ်စေ့တန်ချိန် ၃၄၆,၈၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၃၆ ဘီလီယံရရှိခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ သိရှိရပါ သည်။
အဆိုပါကိန်းဂဏန်းများသည် တစ်နှစ်ထက်တစ်နှစ် ပမာဏအားဖြင့် ၂.၇ ရာခိုင်နှုန်းလျော့ကျသွားသော်လည်း တန်ဖိုးအနေဖြင့် ၂၀.၄ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့တင်ပို့မှုသည် ၆ လတာကာလအတွင်း ပျမ်းမျှပို့ကုန် ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၈၀၅ ကျော်ရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။
တရုတ်၊ အမေရိကန်နှင့်နယ်သာလန်တို့သည် အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့အများဆုံးတင်သွင်းသည့်နိုင်ငံများဖြစ်ကြပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၂၂ ရာခိုင်နှုန်း၊ ၂၁.၆ ရာခိုင်နှုန်း နှင့် ၈.၄ ရာခိုင်နှုန်းအသီးသီးရှိကြောင်း ရေးသားဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် သီဟိုဠ်စေ့တင်ပို့မှုမှ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံအထိရည်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၂.၇ ရာခိုင် နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊၊ ဟနွိုင်းမြို့)