၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရုရှားဖက်ဒရယ်ဘတ်ဂျက်ဝင်ငွေသည် ရူဘယ် ၆၇၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံ)ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅၈.၇ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ၀င်ငွေသည် ရူဘယ် ၆၇၅ ဘီလီယံရှိကာ ယခင်နှစ် အလားတူကာလထက် သိသိသာသာကျော်လွန်သွားခြင်းမှာ အဓိကအားဖြင့် ရုရှားရေနံဈေးနှုန်းများမြင့်တက်မှုကြောင့်ဖြစ်ကြောင်း၊ လူမှုစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက်၏ အတိုင်းအတာများနှင့်အညီ လာမည့်လများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ၀င်ငွေများသည် ၎င်းတို့၏အခြေခံပမာဏထက် တစ်ဖြည်းဖြည်းပိုမိုများပြားလာမည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သော ၀င်ငွေသည် ရူဘယ် ၁.၇၂၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၈.၉ ဘီလီယံ)သို့ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈၄.၈ ရာခိုင်နှုန်းတိုးလာခဲ့သည်။
Source : https://tass.ru/ekonomika/19919207
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)