International News

ဒူဘိုင်း SME အဖွဲ့ဝင်များမှ ၂၀၂၃ ခုနှစ်အတွင်း အများပိုင်နှင့်ပုဂ္ဂလိကကဏ္ဍများတစ်လျှောက် စုစုပေါင်း AED ၁.၂၇ ဘီလီယံတန်ဖိုးရှိစာချုပ်များအားလုံခြုံမှုရှိစေရန်ဆောင်ရွက်နိုင်ခဲ့

Last Updated:

ကုလသမဂ္ဂမှသတ်မှတ်ထားသော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)နေ့တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ထောင်ထားသော Mohammed Bin Rashid Establishment for Small and Medium Enterprises Development(Dubai SME)အဖွဲ့နှင့်တွဲဘက်ဆောင်ရွက်လျက်ရှိသည့် ယူအေအီးနိုင်ငံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)သည် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း AED ၁.၂၇ ဘီလီယံတန်ဖိုးရှိ စာချုပ်များနှင့် ဝယ်ယူမှုများတွင် လုံခြုံမှုရှိစေရန်ဆောင်ရွက်နိုင်ခဲ့ပြီး အရေးပါသောမှတ်တိုင်တစ်ရပ်အဖြစ်  အောင်မြင်မှုများကိုရရှိခဲ့ပါသည်။

အဆိုပါစာချုပ်များကို ပြည်တွင်းနှင့်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများ၊ အစိုးရတစ်ပိုင်းအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ပေးအပ်ခဲ့ကြခြင်းဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ခိုင်မာသောပံ့ပိုးကူညီမှုတစ်ရပ်အဖြစ် မီးမောင်းထိုးပြသနိုင်ခဲ့ပါသည်။

ဒူဘိုင်းအိမ်ရှေ့မင်းသား Sheikh Hamdan bin Mohammed bin Rashid Al Maktoum မှ ဒူဘိုင်း၏ စီးပွားရေးအခင်းအကျင်းတွင် SME များ၏ အဓိကအခန်းကဏ္ဍကိုအလေးပေးကာ ဆန်းသစ်တီထွင်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ပံ့ပိုးကူညီမှုများကို အလေး ပေးဖော်ပြခဲ့ပါသည်။ ဤပံ့ပိုးကူညီမှုများသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား စွမ်းဆောင်ရည်မြှင့်တင်ရန်ရည်ရွယ်ထားသည့် ထိပ်တန်းလုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်မှုများကို တွန်းအားပေးရန်ရည်ရွယ်သည့် ပဏာမခြေလှမ်းများဖြစ်ပြီး ယူအေအီးနိုင်ငံ၏ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum ၏ အမြော်အမြင်ရှိသောခေါင်းဆောင်မှုနှင့် ထပ်တူညီမှုရှိကြောင်း ဖော်ပြထားပါသည်။

၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဒူဘိုင်း SME သည် ယူအေအီးနိုင်ငံသားလုပ်ငန်းရှင်များအတွက် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ၏၀ယ်လိုအားများကို ဖြည့်ဆည်းပေးရန် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်ကိုဖော်ဆောင်ရာတွင် အဓိကကျပါသည်။ စတင် တည်ထောင်ချိန်မှစ၍ ဒူဘိုင်း SME သည် စုစုပေါင်း AED ၁၀.၉၁ ဘီလီယံတန်ဖိုးရှိစာချုပ်များကို ပံ့ပိုးပေးနိုင်ခဲ့ပြီး ဒူဘိုင်းစီးပွားရေးအစီအစဉ် ၃၃(Dubai Economic Agenda D33)တွင်ချမှတ်ထားသည့် ကြီးမားသောရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်မည့် ၎င်း၏ ကတိကဝတ်ကို အားဖြည့်ပေးနိုင်ခဲ့ပါသည်။

ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလာရေးဌာန(DET)၏ညွှန်ကြားရေးမှူးချုပ် Helal Saeed Almarri က ဒူဘိုင်း၏စီးပွားရေးတွင် SMEs များ၏ အဓိကအခန်းကဏ္ဍကို အတည်ပြုခဲ့ပြီး ဒူဘိုင်းမြို့အတွင်း စုစုပေါင်းတန်ဖိုးထည့်ဝင်မှုတွင် ၎င်းတို့၏ကြီးမားသောပံ့ပိုးကူညီမှု ၄၆ % နီးပါးကို ကိုးကား၍ အတည်ပြုပြောကြားခဲ့သည်။ Almarri မှ ဒူဘိုင်း၏ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအချက်အချာဒေသတစ်ခုအဖြစ် ရပ်တည်ချက်ကို ပံ့ပိုးပေးသည့် SMEs များအတွက်အသုံးစရိတ်တိုးမြှင့်မည့် အစိုးရ၏မဟာဗျူဟာကို မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

ဒူဘိုင်း SME ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Abdul Basit Al Janahi က ပြည့်စုံသော ပံ့ပိုး ကူညီမှုအစီအစဉ်များမှတစ်ဆင့် စွန့်ဦးတီထွင်မှုပြုစုပျိုးထောင်ရန်အတွက် အဖွဲ့အစည်း၏ကတိကဝတ်များကို အလေးပေးပြောကြားခဲ့ပါသည်။ ဤအစပျိုးမှုများတွင် ငွေကြေးပံ့ပိုးမှု၊ နည်းပညာဆိုင်ရာအကူအညီများနှင့် စီးပွားရေးလုပ်ငန်းခွင်များသို့ဝင်ရောက်ခွင့် စသည်တို့ပါဝင်ပြီး ယူအေအီးနိုင်ငံသား စွန့်ဦးတီထွင်သူများသည် ပြိုင်ဆိုင်မှုရှိသောစျေးကွက်တွင် ၎င်းတို့၏လုပ်ငန်းများကို ရှင်သန်ကြီးထွားနိုင်ရန်အတွက် လိုအပ်သောကိရိယာများကိုရရှိစေနိုင်ရန် သေချာစေမည်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်တွင် ဒူဘိုင်း SME ၏အောင်မြင်မှုအတွက် ထင်ရှားသောပံ့ပိုးကူညီသူများတွင် ဒူဘိုင်း၏ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့၊ ဒူဘိုင်းမြူနီစီပယ်နှင့် Emirates Group ကဲ့သို့သောအစိုးရတစ်ပိုင်းအဖွဲ့အစည်းများ စသည်တို့ပါဝင်သည်။ Union Coop နှင့် Emaar Propertiesကဲ့သို့သောပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်ကြီးများသည်လည်း ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်အတွက် ၎င်းတို့၏ ကတိကဝတ်များကို အလေးပေးဖော်ပြခဲ့ကြပါသည်။

ဒူဘိုင်းသည် ၎င်း၏ Agenda D33 ကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၃၃ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းမြို့ပြအဖြစ် စီးပွားရေးမြို့ပြသုံးမြို့အတွင်း ဒူဘိုင်းမြို့ကို ပါဝင်နိုင်စေရန် ရည်မှန်းထားသည့်အတွက် SME လုပ်ငန်းများ၏ အောင်မြင်မှုများသည် အဓိကကျလျက်ရှိပြီး စဉ်ဆက်မပြတ်ပံ့ပိုးကူညီမှု နှင့် ဗျူဟာမြောက်လုပ်ဆောင်မှုများမှတစ်ဆင့် ဒူဘိုင်း SME သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ထိပ်တန်းနေရာတစ်ခုအဖြစ် ဒူဘိုင်းမြို့၏ဂုဏ်သတင်းကို ပိုမိုမြှင့်တင်နိုင်ရန်ရည်မှန်းထားပြီး ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုနှင့် သာယာ ဝပြောရေးကို အထောက်အကူဖြစ်စေရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြပါရှိပါသည်။

Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News