တရုတ်ကုမ္ပဏီအချို့က မြန်မာပြည်မှ နနွင်းတက်များဝယ်ယူလိုကြကြောင်း၊ သို့သော် တရုတ်တိုင်းရင်းဆေးများ၊ ဖြည့်စွက်ဆေးများအပြင် အစားအစာများတွင် အသုံးပြုမည်ဖြစ်သည့်အတွက် ၎င်းတို့လိုချင်သော အရည်အသွေးနှင့်ကိုက်ညီမှသာ ဝယ်ယူတင်သွင်းလိုကြောင်း သိရှိရပါ သည်။
တရုတ်နိုင်ငံသည် နနွင်းကို အဓိကစိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာ့အဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်ပါသည်။ နှစ်စဉ် တန်ချိန် ၉၀,၀၀၀ ခန့်ထုတ်လုပ်နိုင်ပြီး ကမ္ဘာ့စတုတ္ထအများဆုံးထုတ်လုပ်၊ တင်ပို့သောနိုင်ငံဖြစ်ပါသည်။
ယခုအခါ တရုတ်ကုမ္ပဏီအချို့က မြန်မာပြည်မှ နနွင်းတက်များ ဝယ်ယူလိုကြကြောင်း ဆက်သွယ်ပြောကြားလာသည့်အတွက် တရုတ်နိုင်ငံသို့ နနွင်းတက်တင်ပို့လိုသူများအနေဖြင့် Viber : ၀၉၉၄၃၆၀၂၃၆၇ သို့ ဆက်သွယ်နိုင်ပါသည်။
(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)