ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း(VPSA)အသင်း ၏အဆိုအရ ငရုတ်ကောင်းတင်ပို့မှုဝင်ငွေသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ လဝက်အတွင်း အမေရိကန်ဒေါ်လာ ၇၁.၈ သန်းရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ၈ လအတွင်း စုစုပေါင်းတင်ပို့မှု ၁.၀၆ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ငရုတ်ကောင်းတန်ချိန် ၁၄၅,၃၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၉၁.၁ သန်းရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါပမာဏသည် ရာခိုင်နှုန်းအားဖြင့် ၁၁.၆ ရာခိုင်နှုန်းလျော့ကျသွားသော်လည်း ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၂၉.၉ ရာခိုင်နှုန်းတိုးလာကြောင်းဖော်ပြထားပါသည်။ ဤကာလအတွင်း ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၈၂၃.၂ ဖြင့် ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၄၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန်၊ ဂျာမနီနှင့် အိန္ဒိယတို့သည် ဗီယက်နမ်ငရုတ်ကောင်းတင်သွင်းမှု၏ ၂၆ ရာခိုင်နှုန်း၊ ၈.၉ ရာခိုင် နှုန်းနှင့် ၇.၃ ရာခိုင်နှုန်းအသီးသီးရှိကြောင်း သိရှိရပါသည်။
အကြီးဆုံးပို့ကုန်တင်ပို့သည့် ဈေးကွက် ၁၅ ခုအနက် ယူနိုက်တက်ကင်းဒမ်းသည် ပို့ကုန်တန်ဖိုး ၂.၁ ဆတိုးလာကာ အကြီးဆုံးတိုးတက်မှုအဖြင့် စံချိန်တင်ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စုသည် တစ်နှစ်ထက်တစ်နှစ် ၁၈.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အမေရိကန်သည် ဗီယက်နမ်ကုန်ပစ္စည်းများအပေါ် ၂၀ ရာခိုင်နှုန်းအခွန် စည်းကြပ်ထားသော်လည်း ငရုတ်ကောင်းဈေးနှုန်းများသည် ယခင်လများထက် ဈေးနှုန်း ၂ ဆမြင့်တက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း(VPSA)အသင်း ၏အဆိုအရ ငရုတ်ကောင်းတင်ပို့မှုအတွက် အဆင့်သင့်ဖြစ်စေသောအခြေအနေများဖန်တီးပေးခြင်းဖြင့် အဓိကဈေးကွက်များမှ ဝယ်လိုအားတိုးလာခြင်းကြောင့် ကမ္ဘာ့ငရုတ်ကောင်းဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။
ပို့ကုန်ပမာဏသည် တန်ချိန် ၂၅၀,၀၀၀ မှ တန်ချိန် ၂၂၀,၀၀၀ ဝန်းကျင်သို့ ကျဆင်းနိုင်ဖွယ် ရှိကြောင်းခန့်မှန်းထားသော်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံရောက်ရှိရန်ခန့်မှန်းထားသည်။ သို့ရာတွင် အမေရိကန်၏အခွန်စည်းကြပ်မှုကြောင့် စက်မှုလုပ်ငန်းအတွက် အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်ရရှိနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)