တရုတ်ကုမ္ပဏီများအနေဖြင့် အဆင့်မြင့်နည်းပညာနှင့် အစိမ်းရောင်ကဏ္ဍများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ(overseas investment)တိုးချဲ့လျက်ရှိပြီးကမ္ဘာလုံးဆိုင်ရာ စီးပွားရေး"ခွဲထွက်မှု"(decoupling) ပြောဆိုချက်များဆက်လက်ရှိနေသော်လည်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(outbound direct investment) မြင့်တက်လာပြီး မူဝါဒပံ့ပိုးမှုအသစ်များလည်း ပေါ်ထွန်းလာလျက်ရှိကြောင်း အာဏာပိုင်များနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် ယင်းလမ်းကြောင်းသည် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကလမ်းကြောင်းတစ်ခုအဖြစ်ပေါ်ထွက်လာပြီး ဆန်းသစ်တီထွင်မှု(innovation) နှင့် မျှဝေကြွယ်ဝချမ်းသာမှု(shared prosperity)ကို ထောက်ပံ့ပေးနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟယ်ယုံကျန်(He Yongqian)က တရုတ်နိုင်ငံ၏စုစုပေါင်းပြည်ပတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုသည် ကိုးနှစ်ဆက်တိုက် ကမ္ဘာ့ထိပ်တန်းသုံးနိုင်ငံစာရင်းတွင် ပါဝင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခင်နှစ်ကုန်အထိ တရုတ်ကုမ္ပဏီများအနေဖြင့် နိုင်ငံနှင့် ဒေသပေါင်း ၁၉၀ ကျော်တွင် ပြည်ပလုပ်ငန်း(overseas enterprises)ပေါင်း ၅၀,၀၀၀ ကျော်ထူထောင်နိုင်ခဲ့ကြောင်း၊ ၎င်းအပြင် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှုသည် ၁၇၄၄.၃၈ ဘီလီယံအမေရိကန်ဒေါ်လာရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအင်အားစုအတွက် "စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက် များ၏ ကျိုးကြောင်းဆီလျော်စွာ အစီအစဉ်တကျနယ်စပ်ဖြတ်ကျော်ချဲ့ထွင်ခွဲဝေမှု"(the rational and orderly cross-border allocation of industrial and supply chains)သည် ရေရှည်မဟာဗျူဟာတစ်ခုဖြစ်လာပြီး တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက်ငါးနှစ်စီမံကိန်း(၂၀၂၆-၂၀၃၀)ရေးဆွဲရန်အတွက် အကြံပြုချက်များအဖြစ် ထည့်သွင်းထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲ ရေးဌာနကိုဦးဆောင်သူ ဝမ်းယာ(Wang Ya)က နိုင်ငံခြားတွင် လုပ်ငန်းလုပ်ကိုင်လိုသောလုပ်ငန်းများအတွက် "နိုင်ငံတကာအဆင့်ပေါင်းစပ်ဝန်ဆောင်မှုပလက် ဖောင်း"(national-level integrated service platform)တစ်ခုထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသည် ဥပဒေ(legal)၊အခွန်(taxation)၊ငွေကြေး(finance)၊ ထောက်ပံ့ပို့ဆောင် ရေး(logistics)၊ အကောက်ခွန်(customs)၊ ကုန်သွယ်မှုမြှင့်တင်ခြင်း(trade promotion)နှင့် အခြားကဏ္ဍများမှ အရင်းအမြစ်များကို ပေါင်းစည်းခြင်းဖြင့် နိုင်ငံခြားသို့ ချဲ့ထွင်သည့် လုပ်ငန်းများအတွက် မူဝါဒအကြံပေးခြင်း၊ နိုင်ငံအလိုက် သတင်းအချက်အလက်၊ အရင်းအမြစ်ကိုက်ညီမှုနှင့် စွန့်စားမှုတို့ကို ကာကွယ်ထိန်းချုပ်ခြင်းစသည့်ယေဘူယျလိုအပ်ချက်များကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးသည် မရေရာမှုများသောကာလကို ဖြတ်သန်းနေချိန်တွင် တရုတ်နိုင်ငံ၏ဖွင့်လှစ်လာမှု(opening-up)အပေါ် ကတိကဝတ်သည် နိုင်ငံခြားအရင်းအနှီးများဆွဲဆောင်ရန် ရိုးရာအစဉ်အလာအာရုံစိုက်မှုမှ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှု(inbound and outbound investment)နှစ်ခုလုံးကို တန်းတူဦးစားပေးသည့် ပိုမိုမျှတသော ဗျူဟာသို့ ဦးတည်လာကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့ကြသည်။
များစွာသော တရုတ်လုပ်ငန်းများသည် နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အရှေ့တောင်အာရှ(Southeast Asia)၊ အာဖရိကနှင့် လက်တင်အမေရိက(Africa and Latin America)တစ်လွှားရှိ ဖွံ့ဖြိုးဆဲဒေသများတွင်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဒုတိယအကြီးအကဲကျောင်ရှန်ချန် (Zhang Xiangchen)ပြောကြားခဲ့ပြီး ၎င်းကို "မပြောင်းလဲနိုင်သောနှင့် ရပ်တန့်၍မရသော"(irreversible and unstoppable)လမ်းကြောင်းသစ်တစ်ခုဟု ခေါ်ဆိုခဲ့သည်။
ရေရှည်တွင် တရုတ်နိုင်ငံ၏ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၎င်းတို့ရရှိသည့် နိုင်ငံခြား ငွေကြေးပမာဏထက် ကျော်လွန်လာမည်မှာ သေချာပါကြောင်း Zhang က ပြောကြားခဲ့သည်။
နိုင်ငံများစွာသည် စက်မှုပြောင်းလဲရေးအစောပိုင်းအဆင့်တွင်ရှိနေသေးသော်လည်း တရုတ်နိုင်ငံသည် ယေဘူယျအားဖြင့် အဆင့်မြင့်အဆင့်တွင်ရှိနေပြီး ကဏ္ဍအချို့သည် အလယ်အလတ်စက်မှုအဆင့်တွင်ရှိနေကြောင်းနှင့် ယင်းကွာဟချက်သည် ဆက်သွယ်မှုတစ်ခု၏ အမှတ်အသားတစ်ခုဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စာရင်းစစ်အကြံပေးကုမ္ပဏီ KPMG ၏ ၂၀၂၄ ခုနှစ် စက်တင်ဘာ လအစီရင်ခံစာအရ တရုတ်နိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖွဲ့စည်းပုံသည် ရိုးရာကုန် ထုတ်လုပ်မှုကဏ္ဍမှ အဆင့်မြင့်နည်းပညာနှင့် စွမ်းအင်သုံးစွဲမှုနည်းပါးသော စက်မှုလုပ်ငန်းကဲ့သို့သောပိုမိုတန်ဖိုးမြင့်သည့် ကဏ္ဍများဆီသို့ တဖြည်းဖြည်းကူးပြောင်းလာနေကြောင်းတွေ့ရှိရသည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး(digital economy)နှင့် အစိမ်းရောင်စွမ်းအင်(green energy)ကဲ့သို့သောနယ်ပယ်များရှိ ရင်းနှီးမြှုပ်နှံမှုများသည် တဖြည်းဖြည်းကြီးထွားမှု၏ မောင်းနှင်အားသစ်များဖြစ်လာနေကြောင်း အဆိုပါအစီရင်ခံစာက ဖော်ပြခဲ့သည်။
စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီဌာန၊ ဝန်ကြီးလီလက်ချန်(Li Lecheng)က တရုတ်နိုင်ငံသည် နေရောင်ခြည်စွမ်းအင်(photovoltaics)၊ လေစွမ်းအင်(wind power)၊ လစ်သီယမ်ဘက်ထရီ(lithium batteries)နှင့် စွမ်းအင်သစ်ယာဉ်(new energy vehicles)စသည့်ကဏ္ဍများတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော တရုတ်လုပ်ငန်းများအား ကမ္ဘာတစ်ဝန်းသို့ ချဲ့ထွင်ရန်နှင့် Belt and Road Initiative စီမံကိန်းနှင့် သက်ဆိုင်သောနိုင်ငံများနှင့်ဒေသများအပါအဝင် အခြားနေရာများတွင် အစိမ်းရောင်စွမ်းအင်စီမံကိန်းများကို ရင်းနှီးမြှုပ်နှံရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
KPMG China ၏ Global China Practice ဌာနခွဲမှူး လီဆာလီ(Lisa Li)က မကြာသေးမီနှစ်များအတွင်း ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ(digital infrastruct ure)၊ စွမ်းအင်သစ်ယာဉ်များ(new energy vehicles)၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံများ(photovoltaics)နှင့်ဆက်စပ်ကဏ္ဍများသည် ဦးဆောင်နယ်ပယ်ကဏ္ဍများအဖြစ် ပေါ်ထွက်လာခဲ့ပြီး အဆိုပါကဏ္ဍများတွင် တရုတ်နိုင်ငံ၏ တိုးတက်မှုကို ပြသလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းများသည် တင်ပို့ခြင်းဆိုင်ရာ နည်းပညာစံချိန်စံညွှန်း လိုအပ်ချက်များကို ကျော်လွှားနိုင်ရုံသာမက ပြည့်စုံသော စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံး ပေါင်းစည်းမှုမှတစ်ဆင့်"တရုတ်ထုတ်ကုန်"(Made in China)အပေါ် ကမ္ဘာ့အမြင်ကိုလည်း ပြန်လည်ပုံဖော်ပေးနိုင်ခဲ့သည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ(global supply chains)၏တည်ငြိမ်မှုအတွက် လတ်ဆတ်သောခွန်အားသစ်များ ထည့်သွင်းပေးခဲ့ကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်ကားထုတ်လုပ်သူ BYD သည် ယခုအခါ ဥဇဘက်ကစ္စတန်၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံများတွင် ထုတ်လုပ်ရေးအခြေစိုက်စခန်းများလည်ပတ်လျက်ရှိပြီး ဟန်ဂေရီနှင့် တူရကီနိုင်ငံများတွင် စက်ရုံးသစ်များတည်ဆောက်လျက်ရှိသည်။ BYD ကဲ့သို့သောကုမ္ပဏီများ၏ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုသည် တရုတ်စွမ်းအင်သစ်ယာဉ်ကဏ္ဍတစ်ခုလုံးအတွက် ပိုမိုကြီးမားသော ဗျူဟာမြောက်ဦးတည်ချက်တစ်ခု၏ ပုံစံငယ် တစ်ခုဖြစ်သည်။
အမေရိကန်သုတေသနအဖွဲ့အစည်း Rhodium Group ၏အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင် တရုတ် နိုင်ငံ၏စွမ်းအင်သစ်ယာဉ် NEV လုပ်ငန်း၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံအထိရှိခဲ့ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကို ပထမဆုံးအကြိမ် ကျော်လွန် ခဲ့ခြင်းဖြစ်သည်။
တရုတ်၏ပြည်ပရင်းနှီးမြှုပ်နှံမှုသည် အရည်အသွေးအဆင့်မြှင့်တင်မှုတစ်ခုလုပ်ဆောင်နေပါကြောင်း၊ ယင်းအလေးထားလုပ်ဆောင်မှုသည် ပမာဏနှင့် အရွယ် အစား(volume and scale)မှတန်ဖိုးနှင့် မိတ်ဖက်ပူးပေါင်းမှု(value and partnership)ဆီသို့ပြောင်းလဲလာနေကြောင်းတရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ် ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအကယ်ဒမီ(Chinese Academy of International Trade and Economic Cooperation) အကြီးတန်းသုတေသနပညာရှင်ဇူးမီ(Zhou Mi)က ပြောကြားခဲ့သည်။ အပြန်အလှန်အကျိုးရှိမှုကို အခြေခံသောနည်းပညာချဲ့ထွင်မှုသည် ကာကွယ်ရေးဝါဒမြင့်တက်လာချိန်တွင် ကမ္ဘာ့စီးပွား ရေးအတွက် တည်ငြိမ်စေသော အင်အားစုတစ်ရပ်အဖြစ် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အရင်းမြစ်။ https://en.people.cn/n3/2026/0130/c90000-20420872.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)