International News

တရုတ်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်မူဝါဒသည် ကွန်ဂိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိ စေမည်ဟု ကွန်ဂိုအရာရှိချုပ်ပြော

Last Updated:

တရုတ်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်မူဝါဒသည် ကွန်ဂိုနိုင်ငံ(Congo)၏ စိုက်ပျိုးရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များယူဆောင်လာမည်ဖြစ်ကြောင်း ကွန်ဂိုသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဒေးနစ်ခရစ္စတယ်ဆက်ဆူငွက်ဆို(Denis Christel Sassou Nguesso)က ပြောကြားခဲ့ပြီး အဆိုပါအစီအမံသည် ကွန်ဂိုပြည်သူများအတွက် အကျိုးရှိစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

"အခွန်ကင်းလွတ်ခွင့် အခွင့်အလမ်းသစ်များ"(Zero Tariff New Opportunities) ခေါင်းစဉ်ဖြင့် တရုတ်-ကွန်ဂိုကုန်သွယ်ရေးမြှင့်တင်ရေးနှင့်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၆-၂-၂၀၂၆ ရက်နေ့(ကြာသပ တေးနေ့)က ကွန်ဂိုသမ္မတနိုင်ငံမြို့တော် ဘရာဇာဗီးလ်(Brazzaville)၌ ကျင်းပခဲ့သည်။

ဝန်ကြီးခရစ္စတယ်သည် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ဆိုင်ရာတရုတ်သံအမတ်ကြီး(Chinese Ambassador for the Forum on China-Africa Cooperation Affairs)လျူယုရှီ(Liu Yuxi) နှင့် ကွန်ဂိုသမ္မတနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး အန်ချင်း(An Qing)တို့နှင့်အတူ အဆိုပါပွဲသို့ တက်ရောက်ခဲ့သည်။

ရှင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းချက်တွင် ခရစ္စတယ်က တရုတ်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်မူဝါဒသည် ကွန်ဂိုနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်များအတွက် တန်ဖိုးတိုးမြှင့်ရန်၊ လူငယ်အလုပ်အကိုင်အခွင့်အလမ်းများမြှင့်တင်ရန်နှင့် ဒေသခံများ၏လူနေမှုအဆင့်အတန်းကို ထိရောက်စွာမြှင့်တင်ရန် ကူညီလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီးလျူက အခွန်ကင်းလွတ်ခွင့်မူဝါဒသည် ခေတ်သစ်တွင် တရုတ်-အာဖရိကပူးပေါင်း ဆောင်ရွက်မှု၏ ထင်ရှားသောလက္ခဏာတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ တစ်ဖက်သတ်ဖွင့်လှစ်မှု(unilateral opening-up)ချဲ့ထွင်ရန် လုပ်ဆောင်သည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ် ကြောင်း ပြောကြားခဲ့ သည်။

အဆိုပါအခမ်းအနားအတွင်း တရုတ်-ကွန်ဂိုနှစ်နိုင်ငံမှ လုပ်ငန်းပေါင်း ၁၀ ကျော်က ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာလွှာများကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ကွန်ဂိုသမ္မတနိုင်ငံမှ poria cocos ၊ မြေပဲနှင့် ပိုတက်စီယမ်ဆား(potassium salt)တို့အပါအဝင် ထုတ်ကုန်များကို အခွန်ကင်းလွတ်ခွင့်(zero-tariff)အစီအစဉ်အရ တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှစတင်၍ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအတွက် အခွန်ကင်းလွတ်ခွင့်ကို အပြည့်အဝအကောင်အထည်ဖော်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် မျှဝေဖွံ့ဖြိုးတိုးတက်မှု(shared development)အတွက် စီးပွားရေးမိတ်ဖက်ဆိုင်ရာ သဘောတူညီချက်များ၏ ညှိနှိုင်းမှုနှင့် လက်မှတ်ရေးထိုးမှုကို ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး "အစိမ်းရောင်လမ်းကြောင်း"(green channel) နှင့် အခြားသော ဆောင်ရွက်ချက်များကို အဆင့်မြှင့်တင်ခြင်းဖြင့် အာဖရိကနိုင်ငံများ၏ တရုတ်နိုင်ငံသို့ တင်ပို့မှုဆိုင်ရာ ဝင်ရောက်ခွင့်ကို ထပ်မံချဲ့ထွင်သွားမည်ဖြစ်သည်။

အရင်းမြစ်။ https://en.people.cn/n3/2026/0228/c90000-20429613.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News