International News

၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၅ နှစ်တာကာလတွင် အနိမ့်ဆုံးဖြစ်နိုင်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထား

Last Updated:

ဘတ်ငွေအားကောင်းကာ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အမေရိကန်၏ သွင်းကုန်ခွန်များကြောင့် ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှု သည် တန်ချိန် ၇.၀၃ သန်းရှိဖြင့် ၅ နှစ်တာကာလတွင် အနိမ့်ဆုံးဖြစ်နိုင်သည်ဟု ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၆ ခုနှစ်တွင် ဘတ်ငွေ ၁၃၀ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၇.၀၃ သန်းတင်ပို့ရန် ခန့်မှန်းထားပြီး ငွေလဲနှုန်းကိုလည်း အမေရိကန် ၁ ဒေါ်လာလျှင် ၃၃-၃၄ ဘတ်သို့ရောက်ရှိရန် အစိုးရအား တိုက်တွန်းထားပါကြောင်း၊ စံပယ်ဆန်သည် ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်လာနိုင်ပြီး အဓိကဈေးကွက်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ဆုံးရှုံးနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် စုစုပေါင်းတန်ချိန် ၅၃၀,၂၈၇ရှိပြီး ယခင်နှစ် အလားတူလတွင် တန်ချိန် ၆၄၃,၁၄၄ ရှိရာမှ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပို့ကုန်တန်ဖိုးမှာ ဘတ် ၉.၇၀၇ ဘီလီယံ၊ ၃၀.၇% သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၁၃ သန်း၊ ၂၃.၉% ကျဆင်းခဲ့ပြီး ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဈေးနှုန်းဖိအားနှင့် ပြိုင်ဆိုင်မှုပြင်းထန်လာမှုကို ထင်ဟပ်စေပါကြောင်း၊ အဓိကအချက်မှာ ထိုင်းဘတ်ငွေသည် အမေရိကန် ၁ ဒေါ်လာလျှင် ၃၃ ဘတ်-၃၄ ဘတ်ခန့်မှ ၃၁ ဘတ်အထိအားကောင်းလာသောကြောင့် ထိုင်းဆန်ကို ပြိုင်ဘက်များထက် ဈေးနှုန်းပိုမိုကြီးမြင့်စေသဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေပါကြောင်း အသင်းဥက္ကဋ္ဌ Mr. Charoen Laothamatas က သုံးသပ်ပြောကြားခဲ့သည်။

ဆန်အမျိုးအစားအလိုက် တင်ပို့မှုကျဆင်းမှုများမှာ ဆန်ဖြူ ၂၃၉,၁၉၂ တန်(ကျဆင်း ၁၄.၈ ရာခိုင်နှုန်း)၊ နောက်တွင် စံပယ်ဆန် ၁၂၀,၉၁၃ တန် (၈.၄%)၊ ပေါင်းဆန် ၇၂,၄၆၂ တန်(အောက်) ၂.၅ ရာခိုင်နှုန်းနှင့် ထိုင်းဆန်မွှေးဆန်မှာ ၂၉,၃၉၀ တန်(၃ ရာခိုင်နှုန်း)၊ တစ်ချိန်တည်းတွင် ကောက်ညှင်းဆန်နှင့် စံပယ်ကွဲဆန်များ ကျယ်ပြန့်လာကာ အလား အလာရှိနေဆဲဖြစ်သော စျေးကွက်ဝယ်လိုအားကို ထင်ဟပ်စေပါကြောင်း၊ ဇန်နဝါရီလတွင် အဓိကစျေးကွက်များတွင် အီရတ်၊ အမေရိကန်၊ တောင်အာဖရိက၊ မလေးရှား၊ အန်ဂိုလာ၊ ကင်မရွန်း၊ ဆီနီဂေါ၊ တရုတ်၊ ဖိလစ်ပိုင်နှင့် ဟောင်ကောင်တို့ပါဝင်ပြီး အီရတ်နှင့် အမေရိကန်တို့၏ သွင်းကုန်များသိသိသာသာကျဆင်းခဲ့ပါကြောင်း၊ မလေးရှားတင်သွင်းမှု ၁၁၆.၉% နှင့် တရုတ်တင်သွင်းမှု ၈၄.၅% မြင့်တက်လာကာ စျေးကွက်များပြန်လည်ဖွဲ့စည်းခြင်းနှင့် ဒေသအနှံ့ ဝယ်လိုအားအပြောင်း အလဲများကို ညွှန်ပြနေပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပို့ကုန်ရလွယ်ကူသော ငွေလဲနှုန်းမှာ ဘတ်ငွေ ၃၃-၃၄ ဘတ်ဝန်းကျင်ရှိသင့်သည်ဟု အခိုင်အမာပြောဆိုကာ အစိုးရသစ်မှ အားကောင်းသောဘတ်ငွေကို အရေးတကြီးဖြေရှင်းရန် အဆိုပြုခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်အတွက် ပို့ကုန်တန်ချိန်ကို ၇.၀၃ သန်းကို ရည်မှန်းထားပြီး ပို့ကုန်တန်ချိန် ၇.၉ သန်းအထိ ရောက်ရှိခဲ့သည့် ၂၀၂၅ ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ ပို့ကုန်တန်ဖိုးမှာ ခန့်မှန်းခြေ ဘတ် ၁၃၀ ဘီလီယံခန့် သို့မဟုတ် အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ဖြစ်သဖြင့် ၁၂.၃ ရာခိုင်နှုန်းနှင့် ၁၁.၄ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားခဲ့ရာ ၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်အဖြစ် မှတ်တမ်းတင်ခဲ့ပါကြောင်း၊ ဆန်အမျိုးအစားအလိုက် ၂၀၂၆ ခုနှစ် မျှော်မှန်းတင်ပို့မှုမှာ ဆန်ဖြူတန်ချိန် ၂.၉ သန်း၊ ပေါင်းဆန်တန်ချိန် ၁.၃ သန်း၊ စံပယ်ဆန်တန်ချိန် ၁.၃ သန်း၊ ထိုင်းဆန်မွှေးတန်ချိန် ၀.၄ သန်း၊ ကောက်ညှင်းဆန်တန်ချိန် ၀.၁၅ သန်း၊ ဆန်ကွဲနှင့် ဆန်ချော၊ ဆန်လုံးညို၊ အော်ဂဲနစ်ဆန်တို့ဖြစ် ကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း တင်ပို့မှုနှေးကွေးရခြင်း၏ အဓိကအကြောင်းရင်းများတွင် ထိုင်းဘတ်ငွေအားကောင်းခြင်းကြောင့်ဖြစ်ပြီး ထိုင်းဘတ်ငွေ ၁ ဘတ်မြင့်တက်လာတိုင်း ၅ ရာခိုင်နှုန်းဆန်ဖြူ ၁ တန်တွင် အမေရိကန်ဒေါ်လာ ၁၂ မှ ၁၅ ကြားနှင့် ဆန်မွှေး ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ မှ ၃၅ ကြား ဈေးနှုန်းမြင့်တက်စေရာ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယားတို့နှင့် ယှဉ်ပြိုင်ရန် ပိုမိုခက်ခဲစေပါကြောင်း၊ ထိုင်းစပယ်ဆန်သည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁,၂၀၀ သို့ ရောက်ရှိခဲ့ရာ ဘာစမာတီဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၉၇၀ ထက် ဈေးနှုန်းမြင့်မားပြီး ဗီယက်နမ်နှင့် ကမ္ဘောဒီးယားစသည့် ပြိုင်ဘက်များ ၏ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀-၈၃၀ ကြားတို့ထက် ပိုမိုဈေးနှုန်းမြင့်မားနေပါကြောင်း Mr. Charoen က ဖြည့်စွက်ပြောကြားခဲ့သည်။

ပုဒ်မ ၁၂၂ အရ အမေရိကန်၏ သွင်းကုန်အကောက်ခွန် တိုင်းတာမှုသည် ရက်ပေါင်း ၁၅၀ အတွင်း ယာယီအကောက်ခွန် ၁၅ ရာခိုင်နှုန်းစည်းကြပ်ခွင့်ပြုခြင်းသည် ယခင်က အကောက်ခွန်ဝန်ထုပ်ဝန်ပိုးမျှသာ ကြုံတွေ့ခဲ့ရသည့် ထိုင်းဆန်တင်ပို့မှုကို ထိခိုက်နိုင်ပါကြောင်း၊ အမေရိကန်ဆန်စက် လုပ်ငန်းမှ ဈေးနှုန်းထောက်ပံ့မှုများကြောင့် တိုင်ကြားခံရပြီးနောက် အနာဂတ်တွင် ကုန်သွယ်မှုဆိုင်ရာ ပုဒ်မ ၃၀၁ အရ လက်တုံ့ပြန်မည့်ဖြစ်နိုင်ခြေကို စောင့်ကြည့်နေပါကြောင်း၊ စည်းကြပ်ခွန်သက်ရောက်မှု ကြောင့် ထိုင်းနိုင်ငံ၏ထိပ်တန်းဈေးကွက်ဖြစ်သည့် အမေရိကန်သို့ တင်ပို့မှုကို ပုံမှန် ၁ နှစ်လျှင် စပယ်ဆန် တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းခန့်ဖြစ်သော တန်ချိန် ၆၀၀,၀၀၀ မှ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ကျဆင်း စေနိုင်မည်ဖြစ်ကြောင်း၊ အခြားသော ဖိအားများတွင် နိုင်ငံများစွာသည် ရိတ်သိမ်းမှုအားကောင်းသောကြောင့် ကမ္ဘာ့ဆန်ထောက်ပံ့မှုမြင့်တက်လာခြင်း၊ အင်ဒိုနီးရှား၏ ကြေညာချက်တွင် ဆန်အမျိုးအစားအားလုံး တင်သွင်းမှုကို ရပ်ဆိုင်းထားခြင်းနှင့် အိန္ဒိယ၏အထွက်နှုန်းမှာ တန်ချိန် ၁၅၂ သန်းရှိပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ခြင်းတို့ဖြစ်ကြောင်း၊ နိုင်ငံအများအပြားရှိ စားနပ်ရိက္ခာဖူလုံရေးမူဝါဒများသည် ပြည်တွင်းထုတ်လုပ်မှုကို ပိုမိုတွန်းအားပေးနေပြီး သွင်းကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချလျက်ရှိကြောင်း၊ အယ်လ်နီညိုပြန်လည်ရောက်ရှိလာနိုင်ခြင်းသည် တစ်ခုတည်းသော အပြုသဘောဆောင်သည့်အချက်ဖြစ်နိုင်ပြီး ပြင်းထန်သော မိုးခေါင်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ အထွက်နှုန်းကို ထိခိုက်ပါက အချို့နိုင်ငံများသည် သွင်းကုန်များအရှိန်မြှင့်လာနိုင်ကြောင်း၊ အသင်းအနေဖြင့် ပုဂ္ဂလိကကဏ္ဍအဆိုပြုချက်များနှင့်အညီ ဆန်စပါးထုတ်လုပ်မှုနှင့် စျေးကွက်ချဲ့ထွင်ရေးမူဝါဒကို တူညီသော ဦးတည်ချက်ဖြင့် သေချာစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနတို့အကြား ခိုင်မာ သောထိုင်းဘတ်ငွေကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.nationthailand.com/business/trade/40062995

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News