ဥရောပသမဂ္ဂက အမေရိကန်နိုင်ငံနှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မတိုင်မီ ကုန်သွယ်ရေးအပေးအယူ(Trade Deal)မရရှိခဲ့ပါက အမေရိကန်နိုင်ငံ၏သွင်းကုန်ခွန်အပေါ် တုံ့ပြန်သည့်အနေဖြင့် ကောက်ခံမည့်သွင်း ကုန်ခွန်များကို ဆိုင်းငံ့ရန်ပြင်ဆင်လျက်ရှိကြောင်း၊ ဥရောပသမဂ္ဂ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Olof Gill က “ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်နိုင်ငံအပေါ် တုံ့ပြန်မည့် သွင်းကုန်ခွန်များကို (၆)လအထိဆိုင်းငံ့ရန် ဆောင်ရွက်သွားမည်”ဟု ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် ကုန်သွယ်ရေးအပေးအယူနှင့်ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက်ကို အပြီးသတ်ညှိနှိုင်းလျက်ရှိကြောင်းနှင့် ထို့ကြောင့် ဥရောပသမဂ္ဂအနေဖြင့် သွင်းကုန်ခွန်ချမှတ်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် တရားဝင်အတည်ပြုသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အမေရိကန်နိုင်ငံက ဥရောပသမဂ္ဂ၏ သွင်းကုန်အများအပြားအပေါ် သွင်းကုန်ခွန်(၁၅)ရာခိုင်နှုန်းကောက်ခံရန်၊ ဥရောပသမဂ္ဂက စွမ်းအင်သုံးပစ္စည်းများ အမေရိကန်ဒေါ်လာဘီလီယံ(၇၅၀)ဖိုးဝယ်ယူရန်နှင့် အမေရိကန်ဒေါ်လာဘီလီယံ(၆၀၀) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်တွင် သဘောတူညီခဲ့ကြပါသည်။
Source: The Wall Street Journal
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)