ခိုင်မာသောမူဝါဒပံ့ပိုးမှုနှင့် စဉ်ဆက်မပြတ်ဆန်းသစ်တီထွင်မှုများကြားတွင် တရုတ်နိုင်ငံ၏ထူးခြားသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ သို့မဟုတ် SMEs များကို ပြုစုပျိုးထောင်ရန် ကြိုးပမ်းမှု သည် သိသာထင်ရှားသော အရှိန်အဟုန်ရရှိနေပြီဖြစ်ကြောင်း အစိုးရအရာရှိများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အဓိကလှုံ့ဆော်မှုတစ်ခုအနေဖြင့် SMEs တို့၏ အစောပိုင်းအဆင့်များတွင် စတင်တည်ထောင်သည့်လုပ်ငန်းများကို ပြုစုပျိုးထောင်ရန်အတွက် လူမှုရေးအရင်းအနှီးများပိုမိုရရှိစေရန် ဒီဇိုင်းထုတ်ထားသော အမျိုးသား SME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ၏ ဒုတိယအဆင့်တည်ထောင်ရန် နိုင်ငံတော်ကောင်စီ၏ မကြာသေးမီက အတည်ပြုချက်ရရှိခဲ့ခြင်းဖြစ် သည်။
အာရုံစူးစိုက်မှုမြင့်မားသည့် ကုမ္ပဏီများ၏ဂေဟစနစ်သည် စက်မှုလုပ်ငန်းနယ်ပယ်အတွက် မှတ်သားဖွယ်ကောင်းသော ခိုင်မာမှုနှင့် တိုးပွားလာသော ပံ့ပိုးကူညီမှုကို ပြသနေချိန်တွင် ဤမူဝါဒအရ ဖြည့်ဆည်းမှုထွက်ပေါ်လာခြင်းဖြစ်သည်။
စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (Ministry of Industry and Information Technology)၏အချက် အလက်များအရ တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်သောSME လုပ်ငန်းပေါင်း ၆၀၀,၀၀၀ ကျော်နှင့် အမျိုးသားအဆင့် "little giant" ကုမ္ပဏီ ၁၇,၆၀၀ ကျော်ကို မြှင့်တင်ပေးခဲ့သည်။ ၎င်းတို့သည် အထူးပြုကဏ္ဍများတွင်အထူးပြုထားသည့် SMEs လုပ်ငန်းများဖြစ်ကြပြီး မြင့်မားသောစျေးကွက်ဝေစုများကို ရရှိထားသဖြင့် ခိုင်မာသော ဆန်းသစ်တီထွင်မှုစွမ်းရည်ကို ကြွားဝါနေကြကြောင်း ဖော်ပြသည်။
တရုတ်နိုင်ငံ၏အဓိကစက်မှုလုပ်ငန်း SME များ၏ ၃.၅ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုသည့် အဆိုပါ "little giant" များသည် ၎င်းတို့လည်ပတ်ဝင်ငွေ၏ ၉.၆ ရာခိုင်နှုန်းနှင့် ၎င်းတို့အမြတ်ငွေ၏ ၁၃.၇ ရာခိုင်နှုန်းတို့ကို မမျှတစွာပံ့ပိုးပေးလျက်ရှိသည်။ အရည်အသွေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် ၎င်းတို့၏ ကြီးမားသောအခန်းကဏ္ဍကို ပြသနေသည်။
ဤလုပ်ငန်းများ၏ မဟာဗျူဟာမြောက်အရေးပါမှုကို စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီး Li Lecheng က အလေးထားဖော်ပြခဲ့သည်။ လုပ်ငန်းများတွင် အမျိုးသားအဆင့်ဆန်းသစ်တီထွင်မှုပလက်ဖောင်းများ(national-level innovation platforms) ပိုမိုတည်ထောင်ခြင်းနှင့် SME များအတွက် ပြည်တွင်းနှင့် နိုင်ငံတကာဝန်ဆောင်မှုကွန်ရက်များကို မြှင့်တင်ခြင်းအပါအဝင် ကဏ္ဍများ၌ ပိုမိုအားကောင်းစေရန်အတွက် ဘက်စုံချဉ်းကပ်မှုကို Li က ဖော်ပြခဲ့သည်။
မိမိဆို့အနေဖြင့် ပစ်မှတ်ထားသော ငွေကြေးထောက်ပံ့မှုကို အားကောင်းစေမည်ဖြစ်ကြောင်း Li က ပြောကြားခဲ့ပြီး မကြာသေးမီကအတည်ပြုခဲ့သော အမျိုးသားအဆင့် SME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ(National SME development fund)၏ဒုတိယအဆင့်သည် တည်ထောင်ဆဲကုမ္ပဏီများသို့ လူမှုရေးအရင်းအနှီး(social capital)ကို ပံ့ပိုးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း အတည်ပြုခဲ့သည်။
Li က အဆင့်လိုက်ပြုစုပျိုးထောင်ရေးမဟာဗျူဟာ(tiered cultivation strategy)ကို အလေးပေးပြောကြားခဲ့သည်။ ယင်းသည် သိပ္ပံပညာဆိုင်ရာ ဆန်းသစ်တီထွင်သော SME များ၏ အခြေခံအလွှာကို အားဖြည့်ပေးခြင်းနှင့် " little giant" ကုမ္ပဏီများနှင့် ထုတ်လုပ်မှုချန်ပီယံများပါဝင်သော အဓိကပံ့ပိုးမှုတစ်ခုကို တည်ဆောက်ခြင်းတို့ပါဝင်သည်။
ကဏ္ဍအလိုက်ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအရ ဤလုပ်ငန်းများ၏ မဟာ ဗျူဟာမြောက်နက်ရှိုင်းမှုကို ဖော်ပြနေသည်။ "little giant" လုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် အရေးကြီးသောစက်မှုလုပ်ငန်းဆိုင်ရာ အခြေခံနယ်ပယ်များတွင် လည်ပတ်နေကြပြီး ၈၀ ရာခိုင်နှုန်းနီးပါးသည် အဓိကစက်မှုလုပ်ငန်းကွင်းဆက်များတွင် ပါဝင်နေကြသည်။ ယင်း၏ ၉၀ ရာခိုင်နှုန်းသည် ပြည်တွင်း သို့မဟုတ် နိုင်ငံတကာကော်ပိုရေးရှင်းကြီး(major domestic or international corporations)အနည်းဆုံးသုံးခုကို တိုက်ရိုက်ထောက်ပံ့ပေးနေကြောင်း ဝန်ကြီးဌာန၏ အချက် အလက်များက ဖော်ပြထားသည်။
ထူးခြားသည်မှာ "little giant" လုပ်ငန်းပေါင်း ၆၀၀၀ နီးပါးသည် ကွမ်တမ်နည်းပညာ(quantum technology)၊ ဉာဏ်ရည်တု(artificial intelligence)နှင့် low-altitude economy ကဲ့သို့သောအနာဂတ်စက်မှုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေကြပြီး တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းကွင်းဆက်များကို ခိုင်မာတည်ငြိမ်စေရာတွင် မရှိမဖြစ်အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။ "Little giant" ကုမ္ပဏီ ကိုယ်စားပြု Starair Aircraft Co Ltd ၏အောင်မြင်မှုသည် ဤအရှိန်အဟုန်ကို ထင်ရှားစွာဖော်ပြနေသည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် 'Aurora' အပေါ့စား အားကစားလေယာဉ်အတွက် မှာယူမှုများသည် ၁၀၀ ကျော်ရှိပြီး ၎င်းတို့၏စုစုပေါင်းရောင်းအားသည် ၄၀၀ ကျော်ရှိပြီဖြစ်သည်။ တရုတ်ဈေးကွက်ဝေစု၏ ၇၀ ရာခိုင်နှုန်းကျော်ရရှိထားကြောင်း Starair Aircraft Co Ltd ၏လုပ်ငန်းလည်ပတ်မှုဒါရိုက်တာ Huang Xin က ပြောကြားခဲ့သည်။
အဆိုပါမြန်ဆန်သော တိုးတက်မှုသည် low-altitude economy အတွက် မူဝါဒပံ့ပိုးမှုကြောင့် တိုက်ရိုက်အကျိုးရလဒ်ရရှိခြင်းဖြစ်ပြီး ခရီး သွားလုပ်ငန်း(tourism)နှင့် ထောက်ပံ့ပို့ဆောင်ရေး(logistics)ကဲ့သို့သောအသုံးချမှုအခြေအနေများတွင် လက်ခံကျင့်သုံးမှုကို အရှိန်မြှင့်တင်ပေးကြောင်း Starair Aircraft Co Ltd အမှုဆောင်အရာရှိက ပြောကြားခဲ့သည်။
ဈေးကွက်ထိုးဖောက်နိုင်မှုသည် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာရောက်ရှိလာခဲ့ကြောင်း Huang က ပြောကြားခဲ့ပြီး သိသာထင်ရှားသောနှိုင်းယှဉ်ချက်တစ်ခုပေးခဲ့သည်။ ကုမ္ပဏီသည် ၎င်း၏ ပထမဆုံးလေယာဉ် ၁၀၀ ကို ရောင်းချရန် ဆယ်စုနှစ်တစ်ခုကြာခဲ့သော်လည်း ဒုတိယအစီး ၁၀၀ သို့ ရောက်ရှိရန် နှစ်နှစ်မပြည့်ခဲ့ပေ။ ယခုနှစ်တစ်နှစ်တည်းတွင်ပင် မှာယူမှုအသစ်များသည် ၁၅၀ ကျော်အထိမြင့်တက်လာခဲ့သည်။ Huang ၏အမြင်အရ ယင်းအရှိန်အဟုန်ဖြင့် ပြောင်းလဲမှုသည် စိုက်ပျိုးရေးအဆင့်(cultivation phase)မှ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသည့် ကာလသို့ ကူးပြောင်းနေသော တရုတ်နိုင်ငံ၏ low-altitude economy ကို ထင်ရှားစွာ ဖော်ဆောင်ပေးလျက်ရှိသည်။
Huang က နောင်အနာဂတ်တွင် ကုမ္ပဏီ၏ ဒေသတွင်းပြောင်းလဲမှုလမ်းပြမြေပုံကို မျှဝေခဲ့ပါသည်။ ယခုနှစ်တွင် အပေါ့စားအားကစားလေယာဉ်များအတွက် အင်ဂျင်ကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည်။ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ(၂၀၂၆-၂၀၃၀)၏ အစောပိုင်းကာလတွင် ပစ္စည်းကိရိယာများ(materials)နှင့် လေယာဉ်နည်းပညာ (avionics)ကဲ့သို့သောအဓိကနယ်ပယ်များတွင် အောင်မြင်မှုများရရှိအောင် ဆောင်ရွက်သွားရန်စီစဉ်ထားပြီး အနာဂတ်တွင် လေယာဉ်တစ်ခုလုံး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအကောက်အထည်ဖော်သွားရန်ဖြစ်သည်။
အရင်းမြစ်။ https://en.people.cn/n3/2025/1127/c90000-20395649.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)