တရုတ်အာဏာပိုင်အဖွဲ့အစည်းမှ အရည်အချင်းပြည့်မီသည်ဟု အတည် ပြုထားသော ရုရှား ဝက်သားတင်ပို့သည့်ကုမ္ပဏီအရေအတွက် နည်းပါးလွန်းပြီး လာမည့်နှစ်တွင် ကုမ္ပဏီများစာရင်း တိုးလာမည်ဟု Mr. Yury Kovalev က မျှော်လင့်ထားသည်။
၂၀၀၈ ခုနှစ်မှစ၍ ရုရှားတင်ပို့မှုအပေါ် သက်ရောက်ခဲ့သော အာဖရိကဝက်တုပ်ကွေးရောဂါကန့်သတ်ချက်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရုတ်က ရုပ်သိမ်းခဲ့သည်။ ရုရှားမှ တရုတ်သို့ တင်ပို့မည့် ဝက်သားအတွက် စစ်ဆေးခြင်း၊ သီးသန့်ခွဲခြားခြင်းနှင့် ကုသရေးလိုအပ်ချက်များဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် တရုတ်အာဏာ ပိုင်အဖွဲ့အစည်းက ရုရှားကုမ္ပဏီသုံးခုအား တရုတ်သို့ ဝက်သားတင်ပို့ရန် အရည်အချင်းပြည့်မီကြောင်း အတည်ပြုခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ရုရှား၏ ဝက်သားနှင့် ဝက်ထွက်ကုန်များတင်ပို့မှုသည် တန်ချိန် ၄ သိန်းအထိ ရောက်ရှိရန်ခန့်မှန်းထားပြီး ရုရှားသည် ကမ္ဘာ့ထိပ်တန်းဝက်သားတင်ပို့သည့် နိုင်ငံ ၅ ခုစာရင်းတွင် ပါဝင်နိုင်ကြောင်း ရုရှား Agroexport စင်တာက မျှော်မှန်းထားသည်။လက်ရှိတွင် ဇန်နဝါရီ လမှ အောက်တိုဘာလအထိ ၁၀ လအတွင်း အဆိုပါထုတ်ကုန်တန်ချိန် ၃၂၄,၀၀၀ ကျော်တင်ပို့ခဲ့ပြီးဖြစ်သည်။၂၀၂၄ ခုနှစ်တွင် ရုရှား၏ ဝက်သား နှင့် ဝက်ထွက်ကုန်များတင်ပို့မှုသည် တန်ချိန် ၃၂၀,၀၀၀ ရှိခဲ့ သည်။
ရုရှား၏ ဝက်သားနှင့် ဝက်ထွက်ကုန်များ အဓိကတင်ပို့သည့်နိုင်ငံများမှာ ဘယ်လာရုစ်(ယခင်ကာလနှင့်နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်းတိုးတက်)၊ ဗီယက်နမ်(၁၃ ရာခိုင်နှုန်းတိုးတက်)၊ တရုတ်(၈၄ ရာခိုင်နှုန်းတိုးတက်)၊ အာမေးနီးယား(၁၄ ရာခိုင်နှုန်းတိုးတက်)နှင့် ကာဇက်စတန်(၆၉ ရာခိုင် နှုန်း တိုးတက်)တို့ဖြစ်ကြောင်း သိရသည်။
Source : https://www.interfax.ru/business/1060424
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)