International News

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ဩဂုတ်လလယ်တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖိုးရောက်ရှိ

Last Updated:

ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့(VFA)၏ ဩဂုတ်လ ၁၅ ရက်အထိ စာရင်းအင်းများအရ ဆန်တန်ချိန် ၅.၉ သန်းနီးပါးတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်အလားတူကာလထက် ၂.၈၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ ယခင်နှစ်ထက် ၁၆ ရာခိုင်နှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့်သီတင်းပတ်က ပြည်ပသို့တင်ပို့ရောင်းချသည့်ဆန်ဈေးသည် ၈လအတွင်း အမြင့်ဆုံးသို့တက်သွားကြောင်း၊ ဩဂုတ်လ ၂၈ ရက်က ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်မွှေးတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၅ မှ ၄၆၀ ထိဈေးဖြင့် ရောင်းချခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်းကတည်းက အမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါ သည်။

ဩဂုတ်လ ၂၅ ရက်အထိ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်နယ်များသည် နွေ-ဆောင်းဦးစပါးဟက်တာ ၁.၈၂ သန်းကျော်စိုက်ပျိုးနိုင်ခဲ့ပြီး စပါးဟက်တာ ၁.၀၈ သန်းရိတ်သိမ်းနိုင်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် တန်ချိန် ၆.၅၃ သန်းထွက်ရှိကြောင်း သိရှိရပါသည်။ဆောင်းဦးသီးနှံအတွက် ယခုချိန်အထိ ဟက်တာ ၅၈၁,၀၀၀ စိုက်ပျိုး ခဲ့ပြီး လျာထားချက်၏ ၈၃ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ကြောင်း၊ ရာသီအလိုက် ဆန်ဟက်တာ ၁၄၅,၀၀၀ စိုက်ပျိုးခဲ့ပြီး စီမံကိန်း၏ ၄၃ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News