International News

ဗီယက်နမ်နိုင်ငံသည် ပို့ကုန်ရည်မှန်းချက်များအောင်မြင်စေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ဆန်သဘောတူညီချက်အပါအဝင် ကုန်သွယ်ရေးသဘောတူညီချက်အသစ်များစေ့စပ်ညှိနှိုင်းရန်အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါ သည်။ ထို့ပြင် ယခုနှစ် ပို့ကုန်ရည်မှန်းချက် ၁၂ ရာခိုင်နှုန်းရရှိရန်အတွက် လက်ရှိချုပ်ဆိုပြီးဖြစ်သည့် ကုန်သွယ်ရေးသဘောတူညီချက် ၁၇ ခုကို အပြည့်အဝအသုံးချဆောင်ရွက်သွားရန်ရည်မှန်းထားကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏အဆိုအရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး H.E Nguyễn Hồng Diên က နိုင်ငံခြားဈေးကွက်ဌာနအား အလားအလာရှိသော မိတ်ဖက်များဖြစ်သည့် တောင်အမေရိကရှိ Mercosur ၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)၊ အိန္ဒိယ၊ပါကစ္စတန်၊ အာရှနှင့် အီဂျစ်နှင့် အာဖရိကတောင်ပိုင်း အာဖရိကအကောက် ခွန်သမဂ္ဂ(SACU)တို့နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲများ အရှိန်မြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ဗီယက်နမ်သည် အမေရိကန်နှင့် အပြန်အလှန်အခွန်အကောက်ဆိုင်ရာညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနှင့် ဘရာဇီးနိုင်ငံတို့နှင့် ဆန်ကုန်သွယ်ရေးသဘောတူညီချက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဝန်ကြီးဌာနသည် CPTPP ၊ EVFTA နှင့် UKVFTA အပါအဝင် လက်ရှိကျင့်သုံးနေသော လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များကို အကောင်အထည် ဖော်ရန်နှင့် အကဲဖြတ်ရန်အတွက် FTA Index 2025 ကိုဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

ထို့အပြင် ဗီယက်နမ်နိုင်ငံသည်  ပြည်ပဈေးကွက်သို့ ပို့ကုန်မြှင့်တင်ရန်၊ အဓိကလုပ်ဖော်ကိုင်ဖက်များနှင့် ကုန်သွယ်မှုကိုဟန်ချက်ညီစေရန်၊ ကုန်ကြမ်းအတွက် သွင်းကုန်အရင်းအမြစ်များကိုကွဲပြားစေရန်နှင့်လက်ရှိချုပ်ဆိုပြီးဖြစ်သည့် လွတ်လပ် သောကုန်သွယ်ရေးသဘောတူညီချက်များကို အပြည့်အဝအသုံးချရန်စသည့် အစီ အစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source:  Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News