International News

ယူအေအီးအစိုးရသည် ၂၀၂၃ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈.၀၃ ဘီလီယံ ရရှိခဲ့

Last Updated:

ယူအေအီးအစိုးရသည် ၂၀၂၃ ခုနှစ် အတွက်ဝင်ငွေ AED ၆၆.၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၈.၀၃ ဘီလီယံ)ကိုရရှိခဲ့ပြီး ခိုင်မာသောစီးပွားရေးစွမ်းဆောင်မှုကို ထင်ဟပ်စေခဲ့ပါသည်။ ယူအေအီးနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်သော စုပေါင်းဘဏ္ဍာရေးရှင်းတမ်းအရ ယူအေအီးနိုင်ငံ၏အလားတူကာလအတွက် အသုံးစရိတ်သည် စုစုပေါင်း AED ၅၈.၂ ဘီလီယံရှိပြီး ခိုင်မာသောဘဏ္ဍာရေး လက်ကျန်ကို ထင်ထင်ရှားရှားပြသလျက်ရှိပါသည်။

အဓိကဘဏ္ဍာရေးအချက်များ

 စုစုပေါင်းဝင်ငွေ                  - AED ၆၆.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၀၃ ဘီလီယံ)

 စုစုပေါင်းအသုံးစရိတ်           - AED ၅၈.၂ ဘီလီယံ

 စုစုပေါင်းအစိုးရပိုင်ဆိုင်မှု      - AED ၃၉၁.၇ ဘီလီယံ

ဖော်ပြပါကိန်းဂဏန်းများအား ယူအေအီးနိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာ အခြေအနေနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုဆိုင်ရာခြုံငုံသုံးသပ်ချက်များကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ယူအေအီးနိုင်ငံ၏စုပေါင်းဘဏ္ဍာရေးရှင်းတမ်းတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်။

ဖယ်ဒရယ်အမျိုးသားကောင်စီမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန်အတွက်စုစည်းထားသော နှစ်ပတ်လယ်အစီရင်ခံစာတွင်ဖော်ပြထားသည့် ဖက်ဒရယ်ဥပဒေမူကြမ်းကိုလည်းအတည်ပြုခဲ့ပြီး အစီရင်ခံတင်ပြထားသောဘဏ္ဍာရေးကိန်းဂဏန်းများအတွက် ဥပဒေပြုရေးဆိုင်ရာပံ့ပိုးကူညီမှုကို ကိုယ်စားပြုထားကြောင်း ဖော်ပြပါရှိပါသည်။

ပြည်ထောင်စုအစိုးရ ရသုံးမှန်းခြေငွေစာရင်းနှင့်ဘဏ္ဍာရေးစီမံကိန်း

၂၀၂၂ ခုနှစ်တွင် ယူအေအီးအစိုးရသည် ၂၀၂၃-၂၀၂၆ ဘဏ္ဍာရေးနှစ်များအတွက် ၎င်း၏အသုံးစရိတ်မဟာဗျူဟာကို အကြမ်းဖျင်းဖော်ပြခဲ့ပါသည်။ ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းအုပ်ချုပ်သူ Sheikh Mohammed bin Rashid Al Maktoum မှ အတည်ပြုထားသော ပြည်ထောင်စုအစိုးရရသုံးမှန်းခြေငွေစာရင်းသည် စုစုပေါင်းအသုံးစရိတ် AED ၂၅၂.၃ ဘီလီယံနှင့်စုစုပေါင်း ဝင်ငွေ AED ၂၅၅.၇ ဘီလီယံရှိမည်ဟုခန့်မှန်းထားပါသည်။

၂၀၂၃ ဘဏ္ဍာနှစ်အတွက် ယူအေအီးနိုင်ငံအစိုးရမှ ကန့်သတ်ထားသော ရသုံးမှန်းခြေငွေစာရင်းမှာ -

 စုစုပေါင်းအသုံးစရိတ်           - AED ၆၃.၀၆ ဘီလီယံ

 စုစုပေါင်းဝင်ငွေ                  - AED ၆၃.၆ ဘီလီယံ

၂၀၂၄ ခုနှစ်တွင် အဆိုပါရသုံးမှန်းခြေငွေစာရင်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၂၄-၂၀၂၆ အတွက် ပြည်ထောင်စုအစိုးရရသုံးမှန်းခြေငွေစာရင်းအား AED ၁၉၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၂.၃ ဘီလီယံ)ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

ထပ်မံပြင်ဆင်ထားသောရသုံးမှန်းခြေငွေစာရင်းတွင်-

 ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းအသုံးစရိတ်      - AED ၆၄.၁ ဘီလီယံ၊ ၂၀၂၃ ထက် ၁.၆ % တိုးလာ

 ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းဝင်ငွေ              - AED ၆၅.၇ ဘီလီယံ၊ ၂၀၂၃ နှစ်ထက် ၃.၃ % တိုးလာ

ပြည်ထောင်စုအစိုးရ၏ရသုံးမှန်းခြေငွေစာရင်းသည် နိုင်ငံတော်စီးပွားရေးခိုင်မာမှုနှင့်အသုံးစရိတ်များနှင့်၀င်ငွေမျှတမှုကိုထင်ဟပ်စေကြောင်း ယူအေအီးနိုင်ငံ၏ဒုတိယဝန်ကြီးချုပ်၊ ဒူဘိုင်း၏ဒုတိယအုပ်ချုပ်သူနှင့် ဘဏ္ဍာရေးဝန်ကြီး Sheikh Maktoum bin Mohammed bin Rashid Al Maktoum က ပြောကြားခဲ့ပါသည်။   

စီးပွားရေးခံနိုင်ရည်ရှိမှုနှင့်ပိုငွေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင်ယူအေအီးအစိုးရ၏ ဝင်ငွေ ၃၁.၈ % စံချိန်တင်မြင့်တက်ခဲ့ပြီး အသုံးစရိတ်များ ၆.၁ % တိုးလာသဖြင့် ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျက်ပိုငွေကို အစီရင်ခံတင်ပြခဲ့ပါသည်။

ဤဘဏ္ဍာရေးရလဒ်များသည် ယူအေအီးနိုင်ငံ၏ခိုင်မာသောဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စီးပွားရေးခံနိုင်ရည်ရှိမှုကို ညွှန်ပြနေခြင်းဖြစ်ပြီး နိုင်ငံ၏အနာဂတ်တိုးတက်မှုနှင့် တည်ငြိမ်မှုအတွက် ဦးစားပေးနေရာချထားခြင်းဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source:                            Gulf Business

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News