International News

၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ အိမ်ထောင်စုအသုံးစရိတ်မှာ ၄.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃ နှစ် နီးပါးအတွင်း အမြင့်ဆုံးဖြစ်ခဲ့

Last Updated:

နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်မှုများပြားလာခဲ့ခြင်းနှင့် မော်တော် ယာဉ်ဝယ်ယူမှုများပြားခဲ့ခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ အိမ် ထောင်စုအသုံးစရိတ်မှာ ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ၄.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂ လတာအတွင်း ပထမဆုံးအကြိမ်မြင့်တက်ခဲ့ကြောင်း နှင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ၄-၇-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်း စာတွင် “Japan household spending up 4.7% in May, fastest pace in nearly 3 years” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ မေလတွင် လူဦးရေ ၂ ဦးနှင့်အထက်ရှိသော အိမ် ထောင်စုများ၏အသုံးစရိတ်မှာ ပျမ်းမျှအားဖြင့် ၃၁၆,၀၈၅ ယန်း(အမေရိကန်ဒေါ် လာ ၂,၂၀၀)ရှိခဲ့ကြောင်း ဂျပန်နိုင်ငံပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအတွက် သုံးစွဲမှုမှာ ၂၅.၃ ရာခိုင်နှုန်း များပြားခဲ့ကြောင်း၊ ပြည်တွင်းနှင့်ပြည်ပမှ ခရီး သွားဧည့်သည်လာရောက်မှုများပြားခဲ့ခြင်းကြောင့် အပန်းဖြေအနားယူမှုအတွက် သုံးစွဲမှုမှာ ၁၁.၁ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ပရိဘောဂနှင့် အိမ်သုံးပစ္စည်းများဝယ်ယူမှုမှာ ၉.၃ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

စားသောက်ဆိုင်များတွင် ဝယ်ယူစားသုံးမှုမြင့်တက်ခဲ့ခြင်းနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်လာမှုကြောင့် ဟင်းသီးဟင်းရွက်များဝယ်ယူမှုများပြားခဲ့သည့်အတွက် အိမ်ထောင်စုအသုံးစရိတ်၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိသော စားသောက်စရိတ်အတွက် သုံးစွဲမှုမှာ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂ လဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၏ထက်ဝက်ကျော်ကို ကိုယ်စားပြုလျက်ရှိသော ပုဂ္ဂလိကဝယ်ယူသုံးစွဲနိုင်စွမ်းအတွက် အသုံးစရိတ်ဆိုင်ရာ အချက်အလက်များမှာ အရေးပါလျက်ရှိကြောင်း၊ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားသော လူ ၂ ဦးနှင့်အထက်ရှိသည့် အိမ်ထောင်စုများ၏ အသုံးစရိတ်မှာ ပျမ်းမျှအားဖြင့် ၅၂၂,၃၁၈ ယန်းရှိခဲ့ကြောင်းနှင့် ၅ လတာအတွင်း ပထမဆုံးအကြိမ် များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News