International News

(၁၂) ကြိမ်မြောက် Singapore-Malaysia Leaders’ Retreat တွင် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဆွေးနွေး

Last Updated:

(၁၂) ကြိမ်မြောက် Singapore-Malaysia Leaders’ Retreat ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါ Retreat တွင် ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ စင်ကာပူဝန်ကြီးချုပ် Lawrence Wong က “နယ်စပ်ဖြတ်ကျော်လမ်းခရီးချိတ်ဆက်မှုအားကောင်းခြင်းဖြင့် ဂျိုဟိုး-စင်ကာပူအထူး စီးပွားရေးဇုန်ကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ဂျိုဟိုး-စင်ကာပူအထူးစီးပွားရေးဇုန်၌ စင်ကာပူအခြေ စိုက်ကုမ္ပဏီ များ၏ ရင်းနှီးမြှုပ်နှံမှုများ စင်ကာပူဒေါ်လာ ၅.၅ ဘီလီယံကျော်ရှိကြောင်း” ပြောကြားခဲ့ပါသည်။

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က “ဂျိုဟိုး-စင်ကာပူအထူးစီးပွားရေးဇုန်၏အောင်မြင်မှုသည် နှစ်နိုင်ငံအကြား ယုံကြည်မှုနှင့်ခင်မင် ရင်းနှီးမှုတို့ကြောင့်ဖြစ်ကြောင်း၊ လက်ရှိကမ္ဘာ့အခြေအနေများတွင် နိုင်ငံများအကြားနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် အဓိကကျကြောင်း၊ နိုင်ငံများအနေဖြင့် အတူတကွဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေသည့်အချက်ကို ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်က အကောင်းဆုံးဥပမာဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား QR code ဖြင့် အကောက်ခွန်ရှင်းလင်း ရေးနှင့် အလိုအလျောက်အကောက်ခွန်ရှင်းလင်းရေးတို့ကို ဆောင်ရွက်နိုင်ရန် စတင်လုပ်ဆောင်လျက်ရှိပါသည်။

ထို့အပြင် Sarawak ပြည်နယ်မှ စင်ကာပူနိုင်ငံသို့ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် လျှပ်စစ်ဓာတ်အားတင်သွင်းရန်အတွက် စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က လုပ်ထုံးလုပ်နည်းအားဖြင့် ခွင့်ပြုခဲ့ပါ သည်။ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အား ကုန်သွယ် ရေးအတွက် စွမ်းဆောင်နိုင်မှုကိုမြှင့်တင်ရန်စီစဉ်လျက်ရှိပါသည်။ကာဗွန် ထုတ်လွှတ်မှုလျော့နည်းသည့် အနာဂတ်အဖြစ်သို့ ကူးပြောင်းနိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး အာဆီယံမဟာဓာတ်အားလိုင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်နှင့်အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်မည်ဖြစ်ပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News