အရေးကြီးသောအကောက်ခွန်ညှိနှိုင်းမှုများအား အကာအကွယ်ဖြစ်စေရန်အတွက် ထိုင်းနိုင်ငံသည် နယ်စပ်တွင် အကြမ်းဖက်မှုများကို စတင်မလုပ်ဆောင်ကြောင်း လျင်မြန်စွာရှင်းလင်းရန် ထိုင်းအစိုးရကို ပုဂ္ဂလိကကဏ္ဍမှ သတိပေးထားပြီး ကမ္ဘောဒီးယားနယ်စပ်တွင် ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အမေရိကန်နှင့်အခွန်ညှိနှိုင်းမှု သက်တမ်းရှည်သွားနိုင်သည်ဟု ထိုင်းနိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း The Nation သတင်းဝက်ဘ်ဆိုဒ်တွင် “Thai Minister Fears US Trade Talks Will Stall Over Cambodian Border Conflict” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး(USTR)မှ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုကို ခေတ္တဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီးနောက် ဝန်ကြီးက ပုဂ္ဂိုလ်ရေးအရ စိုးရိမ်မှုမရှိပါကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံသည် နောက်ဆုံးပဋိပက္ခတွင် ရန်လိုသူမဟုတ်ကြောင်း ငြင်းခုံခဲ့ကြောင်း၊ အခြေအနေကိုဖြေရှင်းပြီးသည့်အချိန်အထိ ဆွေးနွေးပွဲကို ခေတ္တဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီး ထိုင်းနိုင်ငံအစိုးရက နောက်ဆုံးဆက်သွယ်မှုနှင့်ပတ်သက်၍ အမေရိကန်ထံမှ အကြောင်းပြန်ကြားခြင်း မရှိသေးသော်လည်း ရရှိနိုင်သည့်လမ်းကြောင်းအားလုံးမှ ဆက်လက်ညှိနှိုင်းမှုများကိုတောင်းဆိုထားပါကြောင်း၊ မသေချာမရေရာမှု၏ အဓိက အကျဆုံးသောသက်ရောက်မှုမှာ ထိုင်းနိုင်ငံအပေါ် ချမှတ်ထားသော လက်တုံ့ပြန်မှုနှုန်း ၁၉ ရာခိုင်နှုန်းတွင် ကျန်ရှိနေသော အခွန်အကောက်များမဟုတ်သော်လည်း “မသေချာမရေရာမှု”သည် ကုန်သွယ်မှုဆက်ဆံရေးအပေါ်တွင် တွဲလျက်ရှိနေခြင်းပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြန်လည်ဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခများပြင်းထန်လာခြင်းသည် နယ်စပ်ကုန်သွယ်ရေးကို ဆိုးရွားစွာထိခိုက်စေခဲ့ကြောင်း၊ ယခုနှစ်အစောပိုင်းတွင် စစ်ဆေးရေးဂိတ်များအများအပြား ပိတ်ခြင်းကြောင့် ကမ္ဘောဒီးယားနှင့်ကုန်သွယ်မှုတန်ဖိုး ၉၉ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ကြောင်း ဝန်ကြီး Suphajee Suthumpan က ပြောကြားခဲ့သည်။
လယ်ယာစိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်ငန်းများတွင် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများရပ်နားထားရသည့် ထိုင်းနိုင်ငံသားသိန်းပေါင်းများစွာကို နယ်စပ်ဒေသများမှ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းမှုများကြောင့် စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှု ၉၉.၅ ရာခိုင်နှုန်း၏ဆုံးရှုံးမှုတွင် အမြဲတမ်းပိတ်ပစ်ခြင်းနှင့် ညီမျှလု နီးပါးဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI)၏ဥက္ကဋ္ဌ Kriengkrai Thiennukul က မှတ်ချက်ပြုခဲ့သည်။
ထိုင်းစီးပွားရေးအလုံးစုံအပေါ် တိုက်ရိုက်သက်ရောက်မှုနည်းပါးသော်လည်း ကမ္ဘောဒီးယားသို့ ပို့ကုန်သည် စုစုပေါင်းပို့ကုန်၏ ၂-၃ ရာခိုင်နှုန်းသာဖြစ်သော်လည်း သွယ်ဝိုက်သော အကျိုးဆက်များနှင့် ပတ်သက်ကြောင်း၊ လက်ရှိစိန်ခေါ်မှုများအောက်တွင် ထိုင်းစီးပွားရေးကို ပိုဆိုးရွားမည်မှာ ပိုမိုစိုးရိမ်စရာဖြစ်လာပါကြောင်း၊ လတ်တလောပြင်းထန်သော ရေကြီးရေလျှံမှုများနှင့် တစ်ပြိုင်နက်ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခများသည် ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးအငွေ့အသက်နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြင့်မားသောရာသီတွင် ထိခိုက်စေကြောင်း၊ အစိုးရအနေဖြင့် ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်ရန် အရေးတကြီးတောင်းဆိုထားပါကြောင်း Kiatnakin Phatra Financial Group(KKP)မှ စီးပွားရေးပညာရှင်ချုပ် ဒေါက်တာ Pipat Luengnaruemitchai က အလေးအနက်ထားပြောကြားခဲ့သည်။
အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ပုဂ္ဂလိကကဏ္ဍ၏ ရပ်တည်ချက်ကို အတည်ပြုခဲ့သော်လည်း ကမ္ဘောဒီးယား၏ နိုင်ငံတကာသဘောတူညီချက်များကို ဆက်တိုက်ချိုးဖောက်နေခြင်းကို ဆန့်ကျင်သည့် ထိုင်းအချုပ်အခြာအာဏာကို ကာကွယ်ရန် အစိုးရ၏အခွင့်အရေးကို ထောက်ခံပါကြောင်း၊ စီးပွားရေးအသိုင်းအဝိုင်းမှ အဓိကတောင်းဆိုချက်မှာ ထိုင်းနိုင်ငံသည် မကြာသေးမီက နယ်စပ်အကြမ်းဖက်မှု၏ အစပြုခြင်းမဟုတ်ကြောင်း နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် လျင်မြန်ရှင်းလင်းစွာဆက်သွယ်ပြောဆိုရန်ဖြစ်ကြောင်း၊ USTR မှ ဆွေးနွေးပွဲများ ခေတ္တရပ်ရန်လှုပ်ရှားမှုသည် နယ်စပ်ပြဿနာသည် ယခုအခါညှိနှိုင်းမှုများအတွက် အခြေအနေတစ်ရပ်ဖြစ် ကြောင်းအချက်ပြနေပါကြောင်း၊တုံ့ပြန်သည့်အနေဖြင့် အစိုးရကကမ္ဘော ဒီးယားတွင် ရင်းနှီးမြုပ်နှံထားသူများအတွက် စက်ယန္တရားများ ငွေဖြစ်လွယ်ချေးငွေနှင့် အခွန်ကင်းလွတ်လွှဲပြောင်းပေးခြင်းအပါအဝင် ထိခိုက် နစ်နာသောနယ်စပ်စီးပွားရေးလုပ်ငန်းရှင်များကို ကူညီဆောင်ရွက်ပေးရန် ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Poj Aramwattananont က တောင်းဆိုခဲ့ပါသည်။
Source: https://www.nationthailand.com/business/economy/40059456
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)