တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် အမေရိကန်ဒေါ်လာ ၃.၃၄၆၄ ထရီလီယံရှိခဲ့ပြီး အောက်တိုဘာလကုန်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃ ဘီလီယံ၊ ၀.၀၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတော်နိုင်ငံခြားငွေလဲလှယ်ရေးဌာနက အဆိုပါတိုးတက်မှုသည် ငွေကြေးလဲလှယ်မှုနှင့် ပိုင်ဆိုင်မှုဈေးနှုန်းများပြောင်းလဲခြင်းတို့၏ ပေါင်းစပ်သက်ရောက်မှုကြောင့်ဖြစ်ကြောင်း၊ စီးပွားရေးအတွက် အဓိကကျသည့် မက်ခရိုစီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် ငွေကြေးမူဝါဒမျှော်မှန်းချက်ကဲ့သို့သောအချက်များ၏ လွှမ်းမိုးမှုကြောင့် အမေရိကန်ဒေါ်လာညွှန်းကိန်းသည် နိုဝင်ဘာလတွင်းကျဆင်းခဲ့ကြောင်း၊ ကမ္ဘာတစ်ဝှမ်းငွေကြေးပိုင်ဆိုင်မှုဆိုင်ရာ ဈေးနှုန်းများသည် ရောထွေးသည့်အတက်အကျပြောင်းလဲမှုများရှိခဲ့ကြောင်း၊ တည်ငြိမ်သောစီးပွားရေးပုံစံဖြင့် ထောက်ပံ့မှုပေးထား သည့်တရုတ်နိုင်ငံအနေဖြင့် ၎င်း၏နိုင်ငံခြားငွေအရန်ငွေအလုံးစုံတည်ငြိမ်မှုကို ထိန်းသိမ်းရန် ကောင်းမွန်သည့်အနေအထားတွင်ရှိနေကြောင်း အစိုးရအဖွဲ့က ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။
Source: https://en.people.cn/n3/2025/1208/c90000-20399344.html
(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)