International News

ထိုင်းနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးစာချုပ်သည် မျှတမှုရှိစေရေး Thai National Shippers Council (TNSC) က တိုက်တွန်းထား

Last Updated:

ထိုင်းနှင့် အမေရိကန်တို့အကြား အပြန်အလှန်ကုန်သွယ်ရေးမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလေးနက်ရန်နှင့် ညှိနှိုင်းမှုလုပ်ငန်းစဉ်များတွင် နိုင်ငံအကျိုးစီးပွားကို ဦးစားပေးရန် Thai National Shippers’ Council က အစိုးရကို တိုက်တွန်းထားကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Shippers push for balanced trade deal” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ယင်းကဲ့သို့ပူးပေါင်းဆောင်ရွက်မှုတွင် မျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် စဉ်ဆက်မပြတ်စေရေးအခြေခံ၍ နိုင်ငံ၏ကုန်သွယ်ရေးအကျိုးစီးပွား၊ စက်မှုဆိုင်ရာယှဉ်ပြိုင်နိုင်မှုနှင့်ရေရှည်စီးပွားရေးဖူလုံမှုကို ကာကွယ်ရမည်ဖြစ် ကြောင်း၊ ကောင်စီသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့်ပုဂ္ဂလိကကဏ္ဍမှပါဝင်မှုနှင့် ညှိနှိုင်းမှုနှင့် အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များတွင် နည်းပညာအကူအညီပေးရန် အဆင်သင့်ရှိနေပါကြောင်း၊ မူဘောင်သည် နှစ်နိုင်ငံစီးပွားရေးဆက်သွယ်မှုများကို ခိုင်မာစေပြီး ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်များတွင် ထိုင်းနိုင်ငံ၏အခန်းကဏ္ဍကိုမြှင့်တင်ပေးမည်ဟုရှုမြင်ထားပါကြောင်း၊ထိုင်းနိုင်ငံသည် အမေရိကန် နှင့် ကုန်သွယ်မှုပိုငွေကို ဆက်လက်ထိန်းသိမ်းထားသောကြောင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအား စိစစ်မှုတိုးမြှင့်ခြင်း သို့မဟုတ် အမေရိကန်၏ အခွန်စည်းကြပ်မှုများ သို့မဟုတ် ကုန်သွယ်မှုကုစားမှုများပိုမိုလုပ်ဆောင် နိုင်သည်ကို စိုးရိမ်ပါကြောင်း ကောင်စီဥက္ကဋ္ဌ Mr. Dhanakorn Kasetrsuwan က ပြောကြားခဲ့သည်။

ထိုင်းအစိုးရသည် မူဘောင်အတွင်း ထိုင်းပို့ကုန်များကို တရားမမျှတစွာ ပြစ်ဒဏ်ပေးခြင်း သို့မဟုတ် အမေရိကန်၏ တစ်ဖက်သတ်အရေးယူဆောင်ရွက်မှုများမခံရစေရန် ညှိနှိုင်းဆွေးနွေးရန် အကြံပြုလိုကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများတည်ငြိမ်မှုနှင့် စျေးကွက်ဝင်ရောက်မှုကို ဟန်ချက်ညီစေရန်လည်း အလေးထားပါကြောင်း၊ အဆိုပြုထားသော မူဘောင်သည် သိသိသာသာအကောက်ခွန်လျှော့ချရေးနှင့် ထိုင်းဈေးကွက်သို့ ဝင်ရောက်လာသည့် အမေရိကန်ကုန်ပစ္စည်းများအတွက် အကောက်ခွန်မဲ့အတားအဆီးများကို ဖယ်ရှားရန်လိုအပ်သည်ဟု မျှော်လင့်ကြောင်း၊ ယင်းက နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်နိုင်သော် လည်း ပြည်တွင်းစက်မှုလုပ်ငန်းများအပေါ် ပြိုင်ဆိုင်မှုဆိုင်ရာ ဖိအားများရှိလာနိုင်ကြောင်း သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံသည် အဆင့်ဆင့်သော ဖြေလျှော့မှုအစီအစဉ်တစ်ရပ်ကို ချမှတ်ကာ စိုက်ပျိုးရေး၊ မော်တော်ကားနှင့် လူသုံးကုန်ပစ္စည်းများကဲ့သို့သော အရေးကြီးသောကဏ္ဍများကို ခွဲခြားသတ်မှတ်ရန် အသွင်ကူးပြောင်းရေးကာလ ကာကွယ်ရေးနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ထောက်ပံ့ရေးအစီအမံများကို သတ်မှတ်ရန်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်ထုတ်ကုန်များကို ပိုမိုဖွင့်လှစ်နိုင်ခြင်းကြောင့် ထိုင်းပို့ကုန်များအတွက် တရားမျှတစွာ ဝင်ရောက်နိုင်စေရန်အတွက်လည်း အရေးကြီးကြောင်း၊အမေရိကန်သည် ထိုင်းထုတ်ကုန်များအပေါ် အတား အဆီးများကို လျှော့ချရန် သို့မဟုတ် ပပျောက်ရန် ကတိပြုထားသည့် အပြန်အလှန်အကောက်ခွန်အစီအစဉ်များ စစ်မှန်စွာမျှတမှုရှိစေရန် အစိုးရအား ကောင်စီက တိုက်တွန်းထားပြီး လက်ရှိ anti-dumping သို့မဟုတ် safeguard ယန္တရားများကို ခွဲခြားဆက်ဆံသည့်ပုံစံဖြင့် အသုံးမပြုရန်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ၏ ရှုပ်ထွေးမှုများကြီးထွားလာခြင်းကြောင့် တတိယနိုင်ငံမှကုန်ပစ္စည်းများ ထိုင်းနိုင်ငံကို ဖြတ်သန်းတင်ပို့ နိုင်သည့်အန္တရာယ်ကို တိုးမြင့်လာစေပြီး ထိုင်းနိုင်ငံသည် ကုန်သွယ်မှုကိုရှောင်တိမ်းနေသည်ဟု စွပ်စွဲခြင်းခံရနိုင် ကြောင်း Mr Dhanakorn က ဖြည့်စွက်သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံသည် ၎င်း၏မူရင်းသက်သေခံလက်မှတ်စနစ်များ စည်းမျဥ်းစည်းကမ်းများကို အားကောင်းစေပြီး အလွဲသုံးစားလုပ်ခြင်းကို တားဆီးရန် အမေရိကန်အာဏာပိုင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန်အကြံပြုထားပြီး ထိုင်းပို့ကုန်လုပ်ငန်းရှင်များအား မလိုအပ်သော စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှလည်း ကာကွယ်ပေးစေလိုကြောင်း၊ မူဘောင်ကို အကောင်အထည်ဖော်ရာတွင် ထိုင်းနိုင်ငံသည် အမျိုးမျိုးသော စံနှုန်းများ၊ ထောက်ခံချက်များနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အမေရိကန်လိုအပ်ချက်များနှင့် ချိန်ညှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက် ကုန်သွယ်မှုပြတ်တောက်မှုနှင့် လိုက်လျောညီထွေမှုအန္တရာယ်များကို ကာကွယ်ရန် အစိုးရအား အဖွဲ့အစည်း ဆိုင်ရာ အဆင်သင့်စစ်ဆေးမှု၊ အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးရေးစွမ်းရည်များတိုးမြှင့်ရေးတွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံသည် အဓိကပြည်တွင်းကဏ္ဍများကို ကာကွယ်ရန်နှင့် မျှော်လင့်မထားသော ဖြစ်ထွန်းမှုများကို တုံ့ပြန်ရန် လုံလောက်သော မူဝါဒပျော့ပြောင်းမှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ သဘောတူညီချက်တွင် သိသိသာသာစီးပွားရေးအရမညီမျှမှုများဖြစ်ပေါ်ပါက ထိုင်းနိုင်ငံသည် ၎င်း၏ ကတိကဝတ်များကို ပြုပြင်ပြောင်းလဲနိုင်စေရေး သေချာစေရန် ပြန်လည်သုံးသပ်သည့် အပိုဒ်များပါဝင်စေလိုကြောင်း Mr Dhanakorn က အကြံပြုထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News