ရုရှားနိုင်ငံ၊ Binnopharm Group ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို စတင်ခဲ့ပြီး ယခုနှစ်အတွင်း ပထမဆုံးရလဒ် ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ ၎င်းသည် အရှေ့တောင်အာရှတွင် ကုမ္ပဏီ၏ လုပ်ငန်းများ ရေရှည်ပူးပေါင်းဆောင်ရွက်မှုနှင့် ချဲ့ထွင်မှုများအတွက် အခြေခံဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Rustem Muratov က ပြောကြားခဲ့သည်။
Binnopharm Group သည် အင်ဒိုနီးရှားရှိ ရုရှားပို့ကုန်စင်တာ၏ စီးပွားရေးမစ်ရှင်နှင့် Roscongress ဖောင်ဒေးရှင်း၏ပံ့ပိုးကူညီမှုဖြင့် စီစဉ်ကျင်းပသော ရုရှား-အင်ဒိုနီးရှားစီးပွားရေးဖိုရမ်တွင် ပါဝင်ခဲ့သည်။
စီးပွားရေးမစ်ရှင်တွင် ပါဝင်ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် တည်ရှိမှုကို ချဲ့ထွင်ရန်အတွက် Binnopharm Group ၏ မဟာဗျူဟာလမ်းစဉ်ကို အတည်ပြုခဲ့သည်။ ကုမ္ပဏီကို မိတ်ဆက်ရုံသာမက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဒေသတွင်းရှိ အခြားနိုင်ငံများမှ အလားအလာရှိသော မိတ်ဖက်များ၊ ဖြန့်ဖြူးသူများနှင့် ထုတ်လုပ် သူအများအပြားနှင့်လည်း ဆွေးနွေးပွဲကျင်းပခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ရုရှားကုမ္ပဏီများအတွက် အရေးပါသော မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ရုရှားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
Source : https://www.kommersant.ru/doc/7696128
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)