International News

ရုရှားမှ တရုတ်သို့ ငါးနှင့်ရေထွက်ကုန်များထောက်ပံ့မှုသည် အမြင့်ဆုံးသို့ ရောက်ရှိ

Last Updated:

၂၀၂၃ နှစ်ကုန်တွင် ရုရှားမှ တရုတ်နိုင်ငံသို့ ငါးနှင့်ရေထွက်ကုန်များထောက်ပံ့မှုသည် သမိုင်းဝင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး တန်ချိန် ၁.၂၉ သန်းရှိကြောင်း ရုရှားငါးလုပ်ငန်းဆိုင်ရာဖက်ဒရယ်အေဂျင်စီ(Russia’s Federal Agency for Fishery-Rosrybolovstvo)က ဖော်ပြခဲ့သည်။

ရုရှားမှ တရုတ်နိုင်ငံသို့အဓိကတင်ပို့သည့်ငါးအမျိုးအစားများမှာ pollock(စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်)၊ herring ၊ sardines ၊ fishmeal နှင့်ဂဏန်းများဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလအတွင်း ငါးထွက်ကုန်တန်ချိန် ၅၂၂,၆၄၀ ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် သာလွန်ခဲ့ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။

အေဂျင်စီမှ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ အရှေ့ဖျားကဏန်းတင်ပို့မှုပမာဏသည် တန်ချိန် ၁၂,၅၀၀ ကျော်ရှိ ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ပမာဏ ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။

Source :        https://tass.ru/ekonomika/21327953

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News