International News

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အပြန်အလှန်ငွေပေးချေမှုများတွင် နိုင်ငံတော်သုံး ငွေကြေးများအသုံးပြုကြောင်း ရုရှားသမ္မတပူတင်ပြောကြား

Last Updated:

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ဝင်နိုင်ငံများသည် အပြန်အလှန်ငွေပေးချေမှုများတွင်  နိုင်ငံတော်သုံးငွေကြေးများကို တိုးမြှင့်အသုံးပြုလာကြကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမလေးလအတွင်း ရုရှားနှင့် SCO အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုတွင် အမျိုးသားငွေကြေးများအသုံးပြုခြင်း၏ ဝေစုသည် ၉၂ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း SCO အဖွဲ့ဝင် နိုင်ငံတော်အကြီးအကဲများကောင်စီအစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

သမ္မတ၏ပြောကြားချက်အရ ရုရှားနိုင်ငံက SCO တွင် ၎င်း၏ကိုယ်ပိုင်ငွေပေးချေမှုယန္တရားတည်ဆောက်ရန် SCO ထိပ်သီးအစည်းအဝေးတက်ရောက်လာသူများကို အဆိုပြုထားကြောင်း၊ စီးပွားရေးရပ်ဝန်းအတွက် တာဝန်ရှိသော ဝန်ကြီးများ၏ ပုံမှန်အစည်းအဝေးများ၊ ဘဏ္ဍာရေးဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်များ၏အကြီးအကဲများအစည်း အဝေးများသည် SCO နယ်ပယ်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးများဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာထင်ရှားစွာ အထောက်အကူဖြစ်စေကြောင်း သိရှိရပါသည်။

အဆိုပါအစည်းအဝေးတွင် သမ္မတမှ ရုရှားနိုင်ငံသည် SCO ၏ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြီး တန်းတူညီမျှမှုဆိုင်ရာ အခြေခံမူများနှင့် အပြန်အလှန်အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားကာ တိုးတက်မှုကို အလေးထားကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

Source :    https://ria.ru/20240704/shos-1957287083.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News