တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံများမှ ကုန်စည်တင်သွင်းမှုများအတွက် အကောက်ခွန်လိုင်း ၁၀၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့်ပေးအပ်ရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် တောင်အာဖရိကနှင့် တရုတ်တို့အကြား စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုအတွက် အခွင့်အလမ်းသစ်များဖန်တီးပေးလိမ့်မည်ဖြစ် ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိကျင်းပဆဲ အာဖရိကအပြည်ပြည်ဆိုင်ရာ မွေးမြူရေးထုက်ကုန်ပြပွဲ(International Poultry and Livestock Exhibition Africa-IPLEX)တွင် ဂေါ်တန်ပြည်နယ်(Gauteng)စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကောင်စီဝင် Vuyiswa Ramokgopa က အဆိုပါမူဝါဒသည် အာဖရိကစိုက်ပျိုးရေးထုတ်ကုန်များ တရုတ်ဈေးကွက်သို့ တင်ပို့မှုကို ချဲ့ထွင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါ ကြောင်း၊ ကုန်စည်တင်သွင်းမှုအတွက် အကောက်ခွန်လိုင်း ၁၀၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့်ပေးအပ်ရန် တရုတ်နိုင်ငံ၏ ကြေညာ ချက်ကိုကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ဆုံးဖြတ်ချက်သည် အာဖရိက အတွက် အထူးသဖြင့် တောင်အာဖရိကအတွက် တင်ပို့မှုချဲ့ထွင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းကဲ့သို့သော အဓိကကဏ္ဍများ၌ တိုးတက်မှုအသစ်များရယူနိုင်ရန်အတွက်လည်း အရေးပါသည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
အာဖရိက၏ အဓိကစိုက်ပျိုးရေးထုတ်ကုန် ကုန်စည်ပြပွဲများထဲမှ တစ်ခုဖြစ်သော IPLEX သည် ကြက်ငှက်နှင့် မွေးမြူရေးလုပ်ငန်းတွင် ကမ္ဘာလုံးဆိုင်ရာဆန်းသစ်တီထွင်မှုများကို ပြသထားပြီး ဒေသခံတောင်သူများကို နိုင်ငံတကာနည်းပညာပံ့ပိုးသူများ၊ စက်ပစ္စည်းထုတ်လုပ်သူများနှင့် ချိတ်ဆက်ပေးခြင်း ဖြစ်သည်။
ပြောင်းလဲနေသော ပထဝီနိုင်ငံရေးအခြေအနေများသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်ပုံဖော်နေပြီး တောင်အာဖရိကအနေဖြင့်လည်း တရုတ်နိုင်ငံကဲ့သို့သော အဓိကမိတ်ဖက်များနှင့်ဆက်ဆံရေးခိုင်မာစေရန်သည် ပို၍အရေးကြီးလာပါကြောင်း၊ တောင် အာဖရိကအနေဖြင့် အဓိကကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ဖက်များနှင့် ဆက်ဆံရေးကို နက်ရှိုင်းလာစေရေး မရှိမဖြစ်လိုအပ်လာပါကြောင်းနှင့် တရုတ်နိုင်ငံသည် အရေးပါသည့် မိတ်ဖက်တစ်ဦးအဖြစ် ဆက်လက်တည်ရှိ နေကြောင်း Ramokgopa က ပြောကြားခဲ့သည်။
စက်မှုလုပ်ငန်းကိုယ်စားလှယ်များကလည်း တရုတ်-အာဖရိကစိုက်ပျိုး ရေးပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ခြင်း၏အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။ ပိုမိုခိုင်မာသော ဆက်ဆံရေးများသည် ဆန်းသစ်တီထွင်မှုကိုတွန်းအားပေးနိုင်ပြီး ရေရှည်တည်တံ့သောစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက် မှုကိုလည်း အထောက်အကူပြုနိုင်ကြောင်း၊ တရုတ်-အာဖရိကဆက်ဆံရေးသည် တောင်အာဖရိကစိုက်ပျိုးရေးကဏ္ဍများ၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်သာမက မရှိမဖြစ်လိုအပ်ကြောင်း ၎င်းအနေဖြင့် အခိုင်အမာယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံစလုံးတွင် BRICS မူဘောင်၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် အလုံးစုံပါဝင်သော စီးပွားရေးတိုးတက်မှု(inclusive economic growth)ကိုအထောက်အကူပြုရန် ထူးခြားသည့် ပလက်ဖောင်းတစ်ခု ၎င်းတို့တွင်ရှိပါကြောင်း တောင်အာဖရိကစိုက်ပျိုးရေးထွက်ကုန် အေဂျင် စီကောင်စီ(South African Agricultural Produce Agency Council) ၏ဥက္ကဋ္ဌ Thami Sebusi က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏အကောက်ခွန်စာရင်းဇယားများအရ တရုတ်-အာဖရိကကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၉၅.၆ ဘီလီယံအထိရှိခဲ့ပြီး တရုတ်နိုင်ငံသည် အာဖရိက၏အကြီးဆုံးကုန်သွယ် ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့သည်။ တောင်အာဖရိက သည် အာဖရိကတိုက်ကြီးပေါ်တွင် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာ စုစုပေါင်းဒေါ်လာ ၅၂.၄ ဘီလီယံခန့်ရှိသည်။
အဆိုပါပွဲတွင်ပါဝင်ပြသသည့် တရုတ်ကုမ္ပဏီများက အာဖရိက၏ကြီးထွားလာသော မွေးမြူရေးနှင့် ကြက်မွေးမြူရေးလုပ်ငန်းသည် နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် သိသာထင်ရှားသော အခွင့်အလမ်းများဖော်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။ အာဖရိက၏ ကြက်မွေးမြူရေးလုပ်ငန်းသည် လျင်မြန်စွာဖွံ့ဖြိုးလျက်ရှိပြီး တောင်သူများအနေဖြင့် ခေတ်မီစက်ကိရိယာများနှင့် ထိရောက်သော မွေးမြူရေးနည်းပညာများကို ပိုမိုရှာဖွေလာကြပါကြောင်း၊ ကြက်မွေးမြူထုတ်လုပ် မှု၌ ခေတ်မီတိုးတက်ရန်အတွက် အထောက်အကူပြုနိုင်ရေး ဒေသခံမိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင် သွားရန် မျှော်လင့်ပါကြောင်း Hangzhou Xinfu သိပ္ပံနှင့်နည်းပညာကုမ္ပဏီလီမိတက်၏ ကိုယ်စား လှယ် Susan Zhang က ပြောကြားခဲ့သည်။
Weifang U-Best မွေးမြူရေးစက်ပစ္စည်းကုမ္ပဏီလီမိတက်မှ Grace Wu က တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု သည် စားနပ်ရိက္ခာဖူလုံရေးတိုးတက်ကောင်းမွန်လာစေရန်လည်း အထောက်အကူပြုနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် အကြီးစားမွေးမြူရေးလုပ်ငန်း၊ မျိုးပွားမှုနည်းပညာနှင့် အစာထုတ်လုပ်မှုလုပ်ငန်းတို့တွင် အတွေ့အကြုံများစွာရှိပါကြောင်းနှင့် အဆိုပါနည်းပညာများကို မျှဝေပေးခြင်းအားဖြင့် အာဖရိက၏မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား ပိုမိုနီးကပ်သော စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် ထောက်ပံ့ရေးကွင်းဆက်များခိုင်မာလာစေရန်၊ ဈေးကွက်ဝင်ရောက်ခွင့်ချဲ့ထွင်လာနိုင်စေရန်နှင့် အာဖရိကတစ်ဝှမ်းရှိ တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များဖန်တီးပေးရန် ကူညီပေးလျက်ရှိကြောင်း ကုန်စည်ပြပွဲသို့ ပါဝင်တက်ရောက်သူများက အလေးပေးပြောကြားခဲ့သည်။
အရင်းမြစ်။ https://en.people.cn/n3/2026/0312/c90000-20435130.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)