International News

အရှေ့အလယ်ပိုင်းပဋိပက္ခ၏ သက်ရောက်မှုအပေါ် နိုင်ငံလုံးဆိုင်ရာ စွမ်းအင်စီမံခန့်ခွဲမှုအစီအမံများကို အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ညွှန်ကြားထား

Last Updated:

ထိုင်းနိုင်ငံ၏ စွမ်းအင်အခြေအနေအပေါ် အရှေ့အလယ်ပိုင်းပဋိပက္ခ၏ သက်ရောက်မှုအပေါ် အစိုးရနှင့်ဆွေးနွေးပြီးနောက် နိုင်ငံလုံးဆိုင်ရာစွမ်းအင်စီမံခန့်ခွဲမှုအစီအမံများကိုအကောင်အထည်ဖော်ရန် ပြည်နယ် ၇၆ ခုမှ အုပ်ချုပ်ရေးမှူးများအား ပြည်ထဲရေးအမြဲတမ်းအတွင်းဝန်က ညွှန်ကြားထားကြောင်း သိရှိရပါသည်။

အလားအလာရှိသော လောင်စာဆီထောက်ပံ့မှုဆိုင်ရာ ဖိအားများအတွက် အေဂျင်စီများအား ညှိနှိုင်းတုံ့ပြန်မှုများကို ပြင်ဆင်ပေးရန် ဝန်ကြီးချုပ် Anutin Charnvirakul ၏တောင်းဆိုချက်အရ အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ခရိုင်အာဏာပိုင်များအား ခရိုင်စွမ်းအင်ရုံးများနှင့် အခြားသက်ဆိုင်ရာအေဂျင်စီများအနေဖြင့် ၎င်းတို့ဒေသရှိ ပုဂ္ဂလိကကဏ္ဍမှ လောင်စာဆီလိုအပ်ချက်ကို အကဲဖြတ်ရန်ညွှန်ကြားထားကြောင်း၊ စစ်တမ်းသည် မရှိမဖြစ်လိုအပ်သော စက်မှုလုပ်ငန်းများအတွက် ဦးစားပေးအားဖြင့် မတူညီသော လောင်စာဆီနှင့် အရည်ဓါတ်ငွေ့အမျိုးအစားများအတွက်လိုအပ်သည့်အသေးစိတ်အချက် အလက်များကို စုဆောင်းမည်ဖြစ်ပြီး အချက်အလက်များကို စွမ်းအင် ဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဒေသဆိုင်ရာတာဝန်ရှိသူများသည် ခရိုင်ကုန်သွယ်ရေးရုံးများနှင့် ဆက်စပ်အေဂျင်စီများနှင့်ညှိနှိုင်းကာ စက်သုံးဆီရောင်းချမှုကို အနီးကပ်စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ အဆိုပါအစီအမံများသည် လက်ရှိအခြေ အနေတွင် အများပြည်သူကို ထိခိုက်စေနိုင်သည့် သိုလှောင်မှုနှင့် တရားမျှတမှုမရှိသောကုန်သွယ်မှုအလေ့အကျင့်များကိုတားဆီးရန် အထောက် အကူဖြစ်မည်ဟု မျှော်လင့်ရကြောင်း၊ ထို့အပြင် ပြည်နယ်များသည် လောင်စာဆီထောက်ပံ့မှုနှင့် ရေနံဖြန့်ဖြူးမှုအဆင်ပြေချောမွေ့စေရန်အတွက် စွမ်းအင်စီမံခန့်ခွဲမှုအတွက် အရေးပေါ်စီမံချက်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းသည် တည်ငြိမ်သော စီးပွား ရေးလုပ်ငန်းများကို ထိန်းသိမ်းရန်နှင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ နေ့စဉ်ဘဝများကို ပံ့ပိုးကူညီရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Source: https://www.nationthailand.com/news/general/40063016

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News