International News

ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံတစ်ဝှမ်းရှိ စွမ်းအင်ထိန်းသိမ်းရေးလှုပ်ရှားမှုကို ညှိနှိုင်းဆောင်ရွက်ရန် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို တာဝန်ပေးအပ်ခဲ့

Last Updated:

ထိုင်းအစိုးရသည် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ထောက်ပံ့မှု အဓိကဒေသဖြစ်သည့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများအတွက် ပြင်ဆင်နေချိန်တွင် တစ်နိုင်ငံလုံးစွမ်းအင်ထိန်းသိမ်းရေးလှုပ်ရှားမှုကို ညှိနှိုင်းဆောင်ရွက်ရန် ပြည်သူ့ဆက်ဆံရေးဌာန(PRD)ကို တာဝန် ပေးအပ်ထားကြောင်း သိရှိရပါသည်။

ကမ္ဘာ့ရေနံနှင့် စွမ်းအင်ဈေးနှုန်းများမတည်မငြိမ်ဖြစ်မှုသည် အာဏာပိုင်များအား အခြေအနေကို အရေးပေါ်ဦးစားပေးအဖြစ် သဘောထားရန် လှုံ့ဆော်ပေးခဲ့ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည် ဖွံ့ဖြိုး တိုးတက်မှုများကိုစောင့်ကြည့်စစ်ဆေးရန်နှင့် နိုင်ငံ၏စွမ်းအင်ထောက်ပံ့မှုပြတ်တောက်မှုများကြောင့် တုံ့ပြန်ဆောင်ရွက်မှုများပြင်ဆင်ရန် Energy ICS Center ကိုတည်ထောင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ သန့်စင်ပြီးရေနံထွက်ကုန်များအတွက် နေ့စဉ်ဝယ်လိုအားမှာ ပျမ်းမျှလီတာ ၁၂၄ သန်းခန့်ရှိပြီး အမျိုးသားဆီသိုလှောင်မှုမှာ မတ်လအစောပိုင်းအထိ လီတာ ၈,၀၅၅ သန်းခန့်ရှိကြောင်း၊ အဆိုပါအရန်များရှိနေသော်လည်း နိုင်ငံသည် အရှေ့အလယ်ပိုင်းမှ တင်သွင်းသော ရေနံစိမ်းများပေါ်တွင် များစွာမှီခိုနေရဆဲ ဖြစ်ကြောင်း၊ လေအေးပေးစက်အပူချိန် ၂၆ မှ ၂၇ ဒီဂရီစင်တီဂရိတ်တွင်ထားရှိရန်၊ ရုံးအဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အားအသုံးပြုမှုလျှော့ချခြင်း၊ အွန်လိုင်းအစည်းအဝေးများတိုးချဲ့ခြင်းနှင့် Work-from-home စီစဉ်ပေးခြင်းများ၊ ဓာတ်လှေကားအသုံးပြုမှုကို ကန့်သတ်ခြင်းနှင့် စာရွက်သုံးစွဲမှုလျှော့ချရန် အီလက်ထရွန်နစ်စာရွက်စာတမ်းများမြှင့်တင်ခြင်းတို့အပါအဝင် အစိုးရအေဂျင်စီများအတွက် စွမ်းအင်ချွေတာ ရေးအစီအမံများချမှတ်ထားကြောင်း  အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Airin Phanrit က ပြောကြားခဲ့သည်။

ပုံမှန်ယာဉ်ထိန်းသိမ်းမှု၊ carpooling နှင့် ပိုမိုကောင်းမွန်သော ခရီးသွားအစီအစဉ်များမှတစ်ဆင့် လောင်စာဆီချွေတာရန် တာဝန်ရှိသူများကိုလည်း တိုက်တွန်းထားကြောင်း၊ စွမ်းအင်သုံးစွဲမှုကို လျှော့ချရာတွင် နိုင်ငံတစ်ဝန်းပါဝင်မှုမြှင့်တင်ရန် ရုပ်မြင်သံကြားဌာနများ၊ ရေဒီယိုထုတ်လွှင့်သူများ၊ လူမှုမီဒီယာ ပလက်ဖောင်းများနှင့် ပေါင်းစပ်ညှိနှိုင်းရန်သတ်မှတ်ထားကြောင်း၊ ည ၁၀ နာရီနောက်ပိုင်းတွင် လုပ်ငန်းသုံးဆိုင်းဘုတ်မီးများအလင်းလျှော့ချခြင်းနှင့် စက်သုံးဆီအရောင်းဆိုင်လည်ပတ်ချိန်ကို ကန့်သတ်ခြင်းအပါအဝင် အခြေအနေပိုဆိုးရွားလာပါက နောက်ထပ်ကန့်သတ်ချက်များရှိလာနိုင်ကြောင်းသိရှိရပါသည်။

Source: https://thainews.prd.go.th/nbtworld/news/view/1852061/?bid=1

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News