Wind Energy Holding သည် ၂၀၂၆-၂၀၃၀ ကာလအတွင်း ဘတ်သန်း ၂၀,၀၀၀ အတွက် ငါးနှစ်ရင်းနှီးမြှုပ်နှံမှုဘတ်ဂျတ်ကို ကြေညာခဲ့ပြီး ၎င်း၏ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အစုစုကို ၂,၀၀၀ မဂ္ဂါဝပ်အထိချဲ့ထွင်ရန်ရည်ရွယ်သည့် မဟာဗျူဟာမြောက်လုပ်ငန်းသုံးရပ်ကို မြှင့်တင်ခဲ့ကြောင်းသိရှိရပါသည်။
နခွန်ရတ်ခ်ျစီမာခရိုင်တွင် ၈၉.၇ မဂ္ဂါဝပ်ရှိ လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်တည်ဆောက်ရေးသည် ၂၀၂၆ ခုနှစ် နှစ်လယ်တွင်စတင်မည်ဟု ကုမ္ပဏီကယုံကြည်ထားကြောင်း၊ ကုမ္ပဏီ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းအစုစုကိုချဲ့ထွင်ရန်အတွက် အဓိကလုပ်ငန်းသုံးမျိုးတွင် ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ကို အသုံးချသွားမည်ဖြစ်ကြောင်း၊ ပေါင်းစပ်စွမ်းအား ၂၉၉.၁ မဂ္ဂါဝပ်ရှိသော ဓာတ်အားပေးစက်ရုံအသစ်လေးခုအတွက် တည်ဆောက်ရေးရင်းနှီးမြှုပ်နှံမှုနှစ်ခုမှာ နှစ်ရှည်ဓာတ်အား ဝယ်ယူရေးသဘောတူညီချက်များ(PPAs)လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ပရောဂျက်အားလုံးသည် ၂၀၃၀ ပြည့်နှစ်တွင် အပြည့်အဝလည်ပတ်နိုင်သဖြင့် ၂၀၂၇ ခုနှစ်မှစတင်၍ အမြတ်အစွန်းအသိအမှတ်ပြုခြင်းအား အရှိန်အဟုန်ဖြင့်စတင်ရန်မျှော်လင့်ပါကြောင်း၊ စီမံကိန်းအသစ်များအတွက် ဖွံ့ဖြိုးတိုးတက်ရေးရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝယ်ယူရေးတင်ဒါအကျော့တွင် ပါဝင်ရန် နေရာချထားဖြစ်ကြောင်း၊ ပြည်ပတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းအခွင့်အလမ်းများအတွက် ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း Wind Energy Holding Company Limited ၏ အမှုဆောင်အရာရှိချုပ် Nuttapasint Chet-Udomlap က ပြောကြားခဲ့ပါသည်။
အသစ်သတ်မှတ်ပေးထားသည့် ပရောဂျက်လေးခုအနက်မှ တစ်ခုဖြစ်သည့် Dan Khun Thot Wind One(DKT1)အား ၈၉.၇ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်ကို ၂၀၂၆ နှစ်လယ်တွင်စတင်ရန်စီစဉ်ထားကြောင်း၊အဆိုပါစက်ရုံသည်စီးပွားဖြစ်လည်ပတ် သည့်ရက်စွဲ(COD)သို့ရောက်ရှိရန်မျှော်လင့်ထားပြီး ၂၀၂၇ ခုနှစ်နှောင်းပိုင်းမှစတင်၍ ဝင်ငွေစတင်ရရှိမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ လက်ရှိပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပမာဏစုစုပေါင်းမှာ ၁,၀၁၆ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိဝင်ငွေရှာဖွေရေးပရောဂျက်ရှစ်ခုတွင် ၇၁၇ မဂ္ဂါဝပ်မှ ၁,၀၁၆ မဂ္ဂါဝပ်အထိရှိပါကြောင်း၊ရှေ့ဆက်သွားပါက ယင်းလုပ်ငန်းသုံးလမ်းကြောင်း သည် ကုမ္ပဏီ၏ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အစုစုကို ၂၀၃၅ ခုနှစ်တွင် ၂,၀၀၀ မဂ္ဂါဝပ်မိုင်တိုင်သို့ တွန်းပို့မည်ဖြစ်ပါကြောင်း၊ ယခုနှစ်မှစတင်၍ ၂၀၃၀ ပြည့်နှစ်အထိ WEH မှ ဝင်ငွေရရှိနေသော ပရောဂျက်အသစ်များနှင့် သက်ဆိုင်သူများအနေဖြင့် တိုးတက်မှုကိုမြင်တွေ့ရမည်ဖြစ်ကြောင်း Mr Nuttapasint က ဖြည့်စွက်ပြောကြားခဲ့သည်။
ကုမ္ပဏီ၏ဘဏ္ဍာရေးအနေအထား၊ လည်ပတ်ဆောင်ရွက်မှုနှင့် ကြွေးမြီပရိုဖိုင်သည် လွန်ခဲ့သည့် ၅ နှစ်မှ ၆ နှစ်အတွင်း ခိုင်မာအားကောင်းနေဆဲဖြစ်ကြောင်း၊လုပ်ငန်းလည်ပတ်ကျွမ်းကျင်မှု၊ထိရောက်သောထုတ်လုပ်မှု အန္တရာယ်စီမံခန့်ခွဲမှုနှင့်ပုံသေမှတ်တမ်းမရှိသောဘဏ္ဍာရေးအဖွဲ့အစည်းများထံ ကြွေးမြီပြန်ဆပ်မှုမှတ်တမ်းသည် တသမတ်တည်းရှိကြောင်း၊ ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဘတ်ငွေသန်း ၁၀,၀၀၀ ကျော်နှင့် အမြတ်ငွေဘတ်သန်း ၅,၀၀၀ ဆက်တိုက်ဝင်ငွေရရှိထားပြီး ၎င်း၏ကြွေးမြီမှ သာတူညီမျှမှု(D/E)အချိုးသည် ၎င်း၏လက်ရှိအဆင့်သို့ ၀.၇ ဆအထိ ဆက်တိုက်ကျဆင်းသွားကာ စက်မှုလုပ်ငန်း၏ ပျမ်းမျှ ၅ ဆထက်သိသိသာသာကျဆင်းသွားပါကြောင်း၊ ထိုင်းနိုင်ငံ၏လေစွမ်းအင် လုပ်ငန်းတွင် ဦးဆောင်သူတစ်ဦးအနေဖြင့် ထိုင်းနိုင်ငံ၏ သန့်ရှင်းပြီး ရေရှည်တည်တံ့သော စွမ်းအင်အနာဂတ်ဆီသို့ အသွင်ကူးပြောင်းရေးတွင် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း Mr Nuttapasint က ဖြည့်စွက်ပြောကြားခဲ့သည်။
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)