ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၉.၃.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၃၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း) တစ်အိတ် ၁၁၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀ဝ ကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် ၄၃၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၅၀၀ ကျပ်တို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၁၆.၃.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) (ဟောင်း)တစ်အိတ် ၇၀၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀၀ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂၀၀၀ ကျပ်နှင့် ဖွဲနု တစ်အိတ် ၂၅၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၂၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၀၀၀၀ ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀၀ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၂၀၀၀ ကျပ် နှင့် ဖွဲနု တစ်အိတ် ၃၀၀ ကျပ် ဈေးများမြင့်တက်ကာ ပေါ်ဆန်းမွှေးဆန်(သစ်)မှာ ဈေးငြိမ်လျက်ရှိနေပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4) နှင့် ဖွဲနုဈေးများမြင့်တက်ရခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့